စုစုစံက လူအစစ်လား အတုလား။ အမေရိကန်မှာနေတယ်ဆိုပြီး အလှူခံတာမြင်ကတည်းက တမျိုးကြီးပဲ အဆန်းကြီးလို့ ထင်မိတယ်။ အချက်အလက်ဝယ်ဖို့ဆိုတာလည်း အမေရိကားက အလုပ်နဲ့အကိုင်နဲ့လူက သူ့ပိုက်ဆံနဲ့သူ ဝယ်လို့ရနေတာပဲ။ ဝင်ငွေအရ သိပ်အပန်းမကြီးလောက်ဘူး အလှူခံနေစရာ မလိုလောက်ဘူး ထင်မိတယ်။
သူ့ပေ့ချ်တွေက သူကိုယ်တိုင်လား ဂျူ းနာမည်နဲ့ ပေ့ချ်တွေလိုမျိုး သူ့နာမည်သုံးပြီးတော့ သူနဲ့မဆိုင်ဘဲ သူများက လုပ်နေတာလား မပြောတတ်ဘူး။ ပရိုဖိုင်ကတော့ အက်ဒ်မင်တစ်ယောက်ပဲရှိတယ်။ ဗမာပြည်ကနေ ကိုင်နေတာ။ အမေရိကားက မဟုတ်ဘူး။ ပေ့ချ်တစ်ခုကတော့ အက်ဒ်မင် သုံးယောက်။
သုံးယောက်လုံး ဗမာပြည်ကချည်းပဲ။ အမေရိကားက အက်ဒ်မင် လုံးဝမတွေ့ပါဘူး။ သူ့အကောင့်အစစ်ရဲ့cover ပုံက ကွန်ပျူတာစားပွဲက ဗမာပြည်က စားပွဲပါ။ ဘေးက ကျွန်းစားပွဲခုံကြီးက ပိုသိသာတယ်။ ပလပ်ပေါက်တွေက ဗမာပြည်ကနဲ့ တူတယ်။ ပါဝါဘန့်အားသွင်းထားတာ တွေ့ရပြီး UPS သုံးနေတာ တွေ့ရတယ်။
အမေရိကားက မိုးလေဝသ စားပွဲ ကွန်ပျူတာ ပုံတွေ ပြထားပါတယ်။ ပေ့ချ်ထဲက စုစုစံဆိုတဲ့ ပုံရဲ့အင်္ကျီက ထိုင်း undergrad တက္ကသိုလ်ကျောင်းသူဝတ်စုံနဲ့ တူနေတယ်။ Google image search နဲ့ လိုက်ရှာလို့မရတဲ့အတွက် အင်တာနက်က ယူသုံးထားတဲ့ ပုံတော့ မဟုတ်ဘူး။ ပို့စ်တိုင်း ပို့စ်တိုင်းမှာ ကယ်လီဖိုးနီးယား အမေရိကန်ဆိုတာကြီးပဲ ထပ်ခါတလဲလဲထည့်တင်နေတာ တွေ့ရတယ်။ အမေရိကားကလူက အမေရိကားပါလို့ ထပ်ခါ ထပ်ခါ တင်မနေလောက်ဘူးထင်ပါတယ်။
သတင်းဌာနတွေမှာ ဦးဝင်းနိုင် အင်တာဗျူးတွေတွေ့ပေမဲ့ စုစုစံ အင်တာဗျူးတွေ မတွေ့မိဘူး။ BBC လို သတင်းဌာနကြီးတွေက ဖုန်းနံပါတ်မရရင် မဗျူးပါဘူး။ အမေရိကား ဖုန်းနံပါတ်နဲ့ အင်တာဗျူး အဖြေခံနိုင်ရဲမလား စမ်းကြည့်ဖို့ လိုပါမယ်။ ဖြစ်နိုင်တာက အမေရိကားဆိုရင် လူကြိုက်ပိုများမယ်၊ မိန်းကလေး ချောချောပုံနဲ့ဆို လူထဲကို ပိုရောက်မယ်။
အဲ့ဒါနှစ်ခုသုံးပြီး ပေါက်အောင်လုပ်ထားတာလား စဉ်းစားမိတယ်။ Kpay နံပါတ်က လူနဲ့လိုက်ရင် အဖြေပေါ်နိုင်ပါတယ်။ စုစုစံက အလှူငွေလက်ခံတဲ့အခါ ဦးထွန်းလှအောင်ဆိုတဲ့လူရဲ့နာမည်နဲ့ အကောင့်ဆီကို ငွေထည့်ခိုင်းတာ တွေ့ရပါတယ်။ အခုက ဖော်လိုဝါ 1M အထိ ရထားတာတွေ့ပါတယ်။ ခန့်မှန်းတာ မှန်တယ်လို့ ပြောကြတယ်။
ရွာမှာ ရမ်းကုက ဆေးကုလို့ ရောဂါပျောက်တိုင်း လက်ခံမလား၊ လွှတ်ထားမလား စဉ်းစားဖို့လိုပါမယ်။ အခုနေအခါမှာ စုစုစံ အစစ်လား အတုလား ပြောမိရင် လူတကာက ကိုယ့်ကို ဆဲကြမယ်နဲ့တူတယ်။ မိုးလေဝသလိုဟာမျိုးက တရားဝင်ဌာနဆိုင်ရာတွေ၊ professional တွေကပဲ လုပ်ဆောင်ကြရမှာပါ။ ရမ်းကုမျိုးက အန္တရာယ်များပါတယ်။
zawgyi code
စုစုစံက လူအစစ္လား အတုလား။ အေမရိကန္မွာေနတယ္ဆိုၿပီး အလႉခံတာျမင္ကတည္းက တမ်ိဳးႀကီးပဲ အဆန္းႀကီးလို႔ ထင္မိတယ္။ အခ်က္အလက္ဝယ္ဖို႔ဆိုတာလည္း အေမရိကားက အလုပ္နဲ႔အကိုင္နဲ႔လူက သူ႔ပိုက္ဆံနဲ႔သူ ဝယ္လို႔ရေနတာပဲ။ ဝင္ေငြအရ သိပ္အပန္းမႀကီးေလာက္ဘူး အလႉခံေနစရာ မလိုေလာက္ဘူး ထင္မိတယ္။
သူ႔ေပ့ခ်္ေတြက သူကိုယ္တိုင္လား ဂ်ဴ းနာမည္နဲ႔ ေပ့ခ်္ေတြလိုမ်ိဳး သူ႔နာမည္သုံးၿပီးေတာ့ သူနဲ႔မဆိုင္ဘဲ သူမ်ားက လုပ္ေနတာလား မေျပာတတ္ဘူး။ ပ႐ိုဖိုင္ကေတာ့ အက္ဒ္မင္တစ္ေယာက္ပဲရွိတယ္။ ဗမာျပည္ကေန ကိုင္ေနတာ။ အေမရိကားက မဟုတ္ဘူး။ ေပ့ခ်္တစ္ခုကေတာ့ အက္ဒ္မင္ သုံးေယာက္။
သုံးေယာက္လုံး ဗမာျပည္ကခ်ည္းပဲ။ အေမရိကားက အက္ဒ္မင္ လုံးဝမေတြ႕ပါဘူး။ သူ႔အေကာင့္အစစ္ရဲ႕cover ပုံက ကြန္ပ်ဴတာစားပြဲက ဗမာျပည္က စားပြဲပါ။ ေဘးက ကြၽန္းစားပြဲခုံႀကီးက ပိုသိသာတယ္။ ပလပ္ေပါက္ေတြက ဗမာျပည္ကနဲ႔ တူတယ္။ ပါဝါဘန႔္အားသြင္းထားတာ ေတြ႕ရၿပီး UPS သုံးေနတာ ေတြ႕ရတယ္။
အေမရိကားက မိုးေလဝသ စားပြဲ ကြန္ပ်ဴတာ ပုံေတြ ျပထားပါတယ္။ ေပ့ခ်္ထဲက စုစုစံဆိုတဲ့ ပုံရဲ႕အက်ႌက ထိုင္း undergrad တကၠသိုလ္ေက်ာင္းသူဝတ္စုံနဲ႔ တူေနတယ္။ Google image search နဲ႔ လိုက္ရွာလို႔မရတဲ့အတြက္ အင္တာနက္က ယူသုံးထားတဲ့ ပုံေတာ့ မဟုတ္ဘူး။ ပို႔စ္တိုင္း ပို႔စ္တိုင္းမွာ ကယ္လီဖိုးနီးယား အေမရိကန္ဆိုတာႀကီးပဲ ထပ္ခါတလဲလဲထည့္တင္ေနတာ ေတြ႕ရတယ္။ အေမရိကားကလူက အေမရိကားပါလို႔ ထပ္ခါ ထပ္ခါ တင္မေနေလာက္ဘူးထင္ပါတယ္။
သတင္းဌာနေတြမွာ ဦးဝင္းႏိုင္ အင္တာဗ်ဴးေတြေတြ႕ေပမဲ့ စုစုစံ အင္တာဗ်ဴးေတြ မေတြ႕မိဘူး။ BBC လို သတင္းဌာနႀကီးေတြက ဖုန္းနံပါတ္မရရင္ မဗ်ဴးပါဘူး။ အေမရိကား ဖုန္းနံပါတ္နဲ႔ အင္တာဗ်ဴး အေျဖခံႏိုင္ရဲမလား စမ္းၾကည့္ဖို႔ လိုပါမယ္။ ျဖစ္ႏိုင္တာက အေမရိကားဆိုရင္ လူႀကိဳက္ပိုမ်ားမယ္၊ မိန္းကေလး ေခ်ာေခ်ာပုံနဲ႔ဆို လူထဲကို ပိုေရာက္မယ္။
အဲ့ဒါႏွစ္ခုသုံးၿပီး ေပါက္ေအာင္လုပ္ထားတာလား စဥ္းစားမိတယ္။ Kpay နံပါတ္က လူနဲ႔လိုက္ရင္ အေျဖေပၚႏိုင္ပါတယ္။ စုစုစံက အလႉေငြလက္ခံတဲ့အခါ ဦးထြန္းလွေအာင္ဆိုတဲ့လူရဲ႕နာမည္နဲ႔ အေကာင့္ဆီကို ေငြထည့္ခိုင္းတာ ေတြ႕ရပါတယ္။ အခုက ေဖာ္လိုဝါ 1M အထိ ရထားတာေတြ႕ပါတယ္။ ခန႔္မွန္းတာ မွန္တယ္လို႔ ေျပာၾကတယ္။
႐ြာမွာ ရမ္းကုက ေဆးကုလို႔ ေရာဂါေပ်ာက္တိုင္း လက္ခံမလား၊ လႊတ္ထားမလား စဥ္းစားဖို႔လိုပါမယ္။ အခုေနအခါမွာ စုစုစံ အစစ္လား အတုလား ေျပာမိရင္ လူတကာက ကိုယ့္ကို ဆဲၾကမယ္နဲ႔တူတယ္။ မိုးေလဝသလိုဟာမ်ိဳးက တရားဝင္ဌာနဆိုင္ရာေတြ၊ professional ေတြကပဲ လုပ္ေဆာင္ၾကရမွာပါ။ ရမ္းကုမ်ိဳးက အႏၲရာယ္မ်ားပါတယ္။