News

Yangon Gold Association YGEA urges people to save and trade due to the high price of gold

ဒီရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၃၈ သိန်းခွဲအထိ ဆက်တိုက်ဆိုသလို မြင့်တက်လာတဲ့အတွက် ထိန်းထိန်းသိမ်းသိမ်းနဲ့ ရောင်းဝယ်ကြဖို့ ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း YGEA က ပန်ကြားလွှာ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းဟာ နှစ်စတည်းက တရိပ်ရိပ် မြင့်တက်လာတာ ဖြစ်ပြီး ဒီအပတ်မှာတော့ ကျပ် ၃၈ သိန်းခွဲအထိ ရောက်ရှိလာတာကြောင့်

YGEA အသင်းက အသင်းသူ၊ အသင်းသားတွေကို ထိန်းသိမ်း ရောင်းဝယ်ကြဖို့၊ လက်ငင်း ရောင်းဝယ်ကြဖို့နဲ့ ပိုပြီး ရောင်းဝယ်တာမျိုး မလုပ်ကြဖို့ကို စာထုတ် အသိပေးလာတာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးမှာ ဇန်နဝါရီလ ၁ ရက်က ခေါက်ရွှေတစ်ကျပ်သားကို ၃၇ သိန်း ၁ သောင်းကျပ်သာ ရှိခဲ့ရာက မနေ့က ဇန်နဝါရီ ၂၄ ရက်မှာ ကျပ် ၃၈ သိန်း ၅ သောင်းခန့်အထိ ရောက်ရှိလာတာကြောင့် တစ်လနီးပါးအတွင်း ကျပ် တစ်သိန်းခွဲနီးပါး မြင့်လာတာ တွေ့ရပါတယ်

တပြိုင်တည်းမှာ ပြင်ပငွေလဲဈေးကွက်က အမေရိကန်ဒေါ်လာဈေးကလည်း တစ်ဒေါ်လာကို ၃၄၅၀ – ၃၅၀၀ ကျပ်ဝန်းကျင်ကနေ ၃၅၀၀ – ၃၅၄၀ ကျပ်အထိ မြင့်လာတာကြောင့် ရွှေဈေးအတက်ကို ထပ်ပြီး တွန်းတင်သလို ဖြစ်နေပါတယ်။

ပြင်ပရွှေဈေးက ကျပ် ၃၈ သိန်းခွဲနားအထိ တက်လာပေမဲ့ ရန်ကုန်ရွှေအသင်း YGEA က သတ်မှတ်တဲ့ ရွှေဈေးကတော့ ဒီနေ့ နေ့လယ်မှာ ကျပ် ၃၆၂၇,၀၀၀ သာ ရှိနေပြီး ကမ္ဘာ့ရွှေဈေးကလည်း တစ်အောင်စကို ၂၀၁၅ ဒေါ်လာသာ ရှိနေကြောင်း သိရပါတယ်။ Ref: YGEA, Local Gold Market စာရေးသူ- ငွေကြယ်