News

ဆိုးရွားလိုက်တဲ့ကံကြမ္မာ မယ်တော်နာရေးတဲ့ ဆရာတော် ကားတိမ်းမှောက်မှုကြောင့် ပျံလွန်တော်မူ

ဆိုးရွားလိုက်တဲ့ကံကြမ္မာ မယ်တော်နာရေးတဲ့ ဆရာတော် ကားတိမ်းမှောက်မှုကြောင့် ပျံလွန်တော်မူ

မယ်တော်နာရေးသွားသည့် ဆရာတော်စီးနင်းလာသောကားအရှိန်မထိန်းနိုင်ဘဲတိမ်းမှောက် ဆရာ တော်ပျံလွန်တော်မူ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ရှိ မြို့ရှောင်လမ်းမီးပွိုင့်အနီးတွင် မေ ၁၆ ရက်နေ့လည် ၁ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

အမျိုးသား ၁ ဦးမောင်းနှင်ပြီး ဆရာတော် ဘဒ္ဒန္တသာသန(၅၃)နှစ်၊ ဝါတော်(၃၃) ဝါ စီးနင်းလိုက်ပါလာသည့် CRV ကားသည် ကျိုက်ထိုမြို့ရှောင်လမ်း၏ မီးပွိုင့်အနီးအရောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိတိုင်အားဝင်တိုက်မိပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် ဆရာတော်က သူ့မယ်တော်နာရေးကိုသွားတဲ့အချိန်အခုလိုဖြစ်သွားတာပါ ဆရာတော်က ထိခိုက်မိထားတာတွေအရမ်းများတယ် ဆေးရုံမှာဆေးကုသနေရင်း ပျံလွန်တော်မူသွားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်နှင့်မစိုးရိမ်ရဒဏ်ရာရရှိထားသည့် ကားမောင်းသူတို့အား လူမှုကူညီရေးအသင်းကားများဖြင့် ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆရာတော်မှာဆေးကုသမှုခံယူစဉ် ရရှိထားသည့် ဒဏ်ရာများကြောင့် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

zawgyi code

ဆိုးရြားလိုက္တဲ့ကံၾကမၼာ မယ္ေတာ္နာေရးတဲ့ ဆရာေတာ္ ကားတိမ္းေမွာက္မႈေၾကာင့္ ပ်ံလြန္ေတာ္မူ

မယ္ေတာ္နာေရးသြားသည့္ ဆရာေတာ္စီးနင္းလာေသာကားအရွိန္မထိန္းႏိုင္ဘဲတိမ္းေမွာက္ ဆရာ ေတာ္ပ်ံလြန္ေတာ္မူ

မြန္ျပည္နယ္၊က်ိဳက္ထိုၿမိဳ႕နယ္ရွိ ၿမိဳ႕ေရွာင္လမ္းမီးပြိဳင့္အနီးတြင္ ေမ ၁၆ ရက္ေန႔လည္ ၁ နာရီေက်ာ္ခန္႔ကျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း က်ိဳက္ထိုၿမိဳ႕အေျခစိုက္လူမႈကူညီေရးအသင္းမ်ားမွ သိရသည္။

အမ်ိဳးသား ၁ ဦးေမာင္းႏွင္ၿပီး ဆရာေတာ္ ဘဒၵႏၲသာသန(၅၃)ႏွစ္၊ ဝါေတာ္(၃၃) ဝါ စီးနင္းလိုက္ပါလာသည့္ CRV ကားသည္ က်ိဳက္ထိုၿမိဳ႕ေရွာင္လမ္း၏ မီးပြိဳင့္အနီးအေရာက္အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးရွိတိုင္အားဝင္တိုက္မိၿပီးေနာက္ တိမ္းေမွာက္သြားခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔သိရသေလာက္ဆိုရင္ ဆရာေတာ္က သူ႔မယ္ေတာ္နာေရးကိုသြားတဲ့အခ်ိန္အခုလိုျဖစ္သြားတာပါ ဆရာေတာ္က ထိခိုက္မိထားတာေတြအရမ္းမ်ားတယ္ ေဆး႐ုံမွာေဆးကုသေနရင္း ပ်ံလြန္ေတာ္မူသြားပါတယ္”ဟု လူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ဆရာေတာ္ႏွင့္မစိုးရိမ္ရဒဏ္ရာရရွိထားသည့္ ကားေမာင္းသူတို႔အား လူမႈကူညီေရးအသင္းကားမ်ားျဖင့္ က်ိဳက္ထိုၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရာ ဆရာေတာ္မွာေဆးကုသမႈခံယူစဥ္ ရရွိထားသည့္ ဒဏ္ရာမ်ားေၾကာင့္ ပ်ံလြန္ေတာ္မူသြားခဲ့ေၾကာင္း သိရသည္။