News

One Championship ကို မေးခွန်းထုတ်လိုက်တဲ့ အောင်လအန်ဆန်

One Championship ကို မေးခွန်းထုတ်လိုက်တဲ့ အောင်လအန်ဆန်

မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ “နောက်တစ်ပွဲက ဘယ်လိုလဲ” လို့ One Championship ကို မေးခွန်းထုတ်လိုက်ပါတယ်။” နောက်တစ်ပွဲက ဘယ်လိုလဲ One Championship ? ဘာပဲဖြစ်ဖြစ် ငါတို့က အသင့်ပဲလို့ ” အန်လအန်ဆန်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာရေးသားထားပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ One Championship မှာ သူ့ရဲ့ချန်ပီယံခါးပတ်ကို ပြန်လည်ရရှိဖို့ စိတ်အားထက်သန်နေတာဖြစ်ပြီး သူ့ရဲ့ Middle Weigh တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ သူ့ရဲ့ ကမ္ဘာ့ချန်ပီယံခါးပတ်တွေလက်လွတ်ခဲ့ရပြီး ၅ ပွဲ ယှဥ်ပြိုင်ရာမှာ ၁ ပွဲရှုံးနိမ့်ထားပြီး ၄ ပွဲအနိုင်ရရှိထားတဲ့အတွက် One Championship ဘက်ကလည်း အောင်လအန်ဆန်ရဲ့ ချန်ပီယံ အိပ်မက်ကိုပြန်လည်အသက်သွင်းပေးဖို့ ရှိနေပါတယ်။

zawgyi



