တနင်္ဂနွေ သားသမီးများသည် ယခုကာလ တွင် ကံအကျိုးပေးရရှိမှုနည်းနေတက်သည်။ လုပ်ငန်းခွင်တွင်လည်းကောင်း၊ နေအိမ်တွင်လည်းကောင်း အကြီးအကဲ တစ်ယောက်၏ အရေးပေးမှု ၊မြှောက်စားမှုကိုခံရတက်သည်။ မိမိ အတွက်ဖစ်စေ၊ တခြားသူတစ်ယောက်အတွက်ဖစ်စေ ဆေးရုံဆေးခန်း သွားရတက်သည်။ မိမိကို မနာလိုသူ ၊ မိမိ ပိုအဆင်ပြေသွားမှာ မလိုလားသူများ နဲ့ ကြုံတွေ့ရတက်သည်။
ဗုဒ္ဓဟူး သားသမီး ၊ ဗုဒ္ဓ ဟူး နာမ် ပစ္စည်းများနှင့်ပတ်သတ်ပြီး စိတ်သောကရောက်နေရတက်သည်။ ရင်းနှီးမြှပ်နှံ ထားသော ငွေရေးကြေးရေးများ ပြန်မရဖစ်တက်သည်။ ထို့ကြောင့် ငွေချေးခြင်း၊ လုပ်ငန်းခွင်တိုးချဲ့ မှုအတွက် ရင်းနှီး မြှပ်နှံခြင်းများမပြုလုပ်သင့်ပါ။ အိမ်ထောင်ရှိသောသူများ မိမိအိမ်ထောင်ဖက်နှင့် စကား ကတောက်ကဆ ဖစ်တက်မည်။ အခြားသူတစ်ယောက်ယောက်၏ နှောင့်ယှက်မှုကြောင့် စကားများရတက်သည်။စိတ်နှင့်ကိုယ်နှင့်မကပ် ဘဲ ဘာလုပ်လုပ် စိတ်အဆင်မပြေ ဒေါသထွက်လွယ်နေမည်။
အလုပ်အကိုင် စီးပွားရေးနှင့်ပတ်သတ်ပြီး နယ်ဝေး သွားရောက်လုပ်ကိုင်ရတက်သည်။ သို့သော် မျှော်မှန်းထားသလောက် ငွေမစုမိဘဲ ဝင်ငွေ ကြွးသလို ထွက်ငွေလည်း ကြီးနေတက်သည်။အဝေးရောက်နေသော မိဘ ဆွေမျိုး၊သူငယ်ချင်းများအား လွမ်းဆွတ်နေတက်သည်။ မျှော်လင့်မထားသော အခက်အခဲများကြုံတွေ့ရတက်သည်။ ပယောဂ၊ စုန်းတိုက် ၊ နတ်တိုက် ထားခံရသကဲ့သို့ အဆင်မပြေမှုများခံစားနေရတက်သည်။ သတိထား သည်းခံရမည့် ကာလဖစ်သည်။
လူမှုရေး
လူမှုရေးတွင် လူအများနှင့်ဆက်ဆံပြောဆိုရအဆင်မပြေ ဘဲ တစ်ယောက်တည်းဖစ်နေတက်သည်။ ကိုယ့်ကို စောင်းပြောနေသလို စောင့်အောင့်လုပ်နေသလိုမျိုး ကြုံရတက်သည်။
အချစ်ရေး
အချစ်ရေးတွင် အပြင်လူတစ်ယောက်ယောက်၏ စကားရှုပ်မှုကြောင့် ချစ်သူ သမီးရည်းစားကြား စကားများကာ မကြာခန စိတ်ကောက် စိတ်ဆိုးရတက်သောကာလဖစ်သည်။
အိပ်မက်
ဘုန်းကြီး၊ ဘုရားကျောင်းများကိုမြင်မက်ပါက က့ကောင်းလာလိမ့်မည်။
အကျိုးပေးဂဏန်း
3 6 9
ယတွာ
ရှေးဘဝက တော်စပ်ခဲ့ဖူးသော ဆွေတော် ရှစ်သောင်း မျိုးတော်အပေါင်းတို့ အား အမျှဝေ ကုသိုလ် ပြု ဆုတောင်းပါ။
လူမှုရေး
အချစ်ရေး
အိပ်မက်
အကျိုးပေးဂဏန်း
3 6 9
ယတွာ