News

ကျန်ခဲ့တဲ့ မိသားစုတွေကတော့ အရူးတစ်ပိုင်းဖြစ်ရပြီ ဂရုစိုက်သွားလာကြပါဗျာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စုအတွင်းရှိ ကားလမ်းပေါ်တွင် တွဲကားနှင့်ဆိုင်ကယ် တိုက်မိရာမှ ဆိုင်ကယ်စီးလာသည့် လူငယ်(၂)ဦး နေရာတွင် သေဆုံးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်ချိုဘက်က လာသည့် တွဲကားနှင့် လူငယ်(၂)ဦး စီးလာသည့် ဆိုင်ကယ်တို့ ခိုမုန်းကျေးရွာအုပ်စုအတွင်း ပလောင်ရွာသစ်အနီး နမ့်ဟူးရွာဘုန်းကြီးကျောင်းအကျော် ကားလမ်းပေါ်တွင် အရှိန်ပြင်းစွာတိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ယနေ့ ၂၀၂၃ခုနှစ် မေလ(၂၆)ရက်နေ့ နံနက်(၇)နာရီကျော်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူငယ် (၂)ဦးမှာ တစ်ယောက်တစ်နေရာစီ လွှင့်ထွက်သွားသလို ဦးခေါင်းတွင် ဆိုးရွားစွာပြင်းထန်သည့် ဒဏ်ရာရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ အလောင်းများကို နမ့်ခုံးရှမ်းများပရဟိတအသင်း(ကျောက်မဲအသင်းခွဲ)က အခင်းဖြစ်ပွားရာနေရာကနေ သယ်ဆောင်ပြီး ကျောက်မဲဆေးရုံရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္ ခိုမုန္းေက်း႐ြာအုပ္စုအတြင္းရွိ ကားလမ္းေပၚတြင္ တြဲကားႏွင့္ဆိုင္ကယ္ တိုက္မိရာမွ ဆိုင္ကယ္စီးလာသည့္ လူငယ္(၂)ဦး ေနရာတြင္ ေသဆုံးသြားမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေနာင္ခ်ိဳဘက္က လာသည့္ တြဲကားႏွင့္ လူငယ္(၂)ဦး စီးလာသည့္ ဆိုင္ကယ္တို႔ ခိုမုန္းေက်း႐ြာအုပ္စုအတြင္း ပေလာင္႐ြာသစ္အနီး နမ့္ဟူး႐ြာဘုန္းႀကီးေက်ာင္းအေက်ာ္ ကားလမ္းေပၚတြင္ အရွိန္ျပင္းစြာတိုက္မိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္သည္ ယေန႔ ၂၀၂၃ခုႏွစ္ ေမလ(၂၆)ရက္ေန႔ နံနက္(၇)နာရီေက်ာ္အခ်ိန္က ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ လူငယ္ (၂)ဦးမွာ တစ္ေယာက္တစ္ေနရာစီ လႊင့္ထြက္သြားသလို ဦးေခါင္းတြင္ ဆိုး႐ြားစြာျပင္းထန္သည့္ ဒဏ္ရာရရွိကာ ေသဆုံးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူ၏ အေလာင္းမ်ားကို နမ့္ခုံးရွမ္းမ်ားပရဟိတအသင္း(ေက်ာက္မဲအသင္းခြဲ)က အခင္းျဖစ္ပြားရာေနရာကေန သယ္ေဆာင္ၿပီး ေက်ာက္မဲေဆး႐ုံရွိ ရင္ခြဲ႐ုံသို႔ ကူညီပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။