Cele News

AI နည်းပညာရဲ့ ကြောက်စရာကောင်းပုံကို ပြောပြလာတဲ့ ဒါရိုက်တာကိုပေါက်

သိပ္ပံဟာ အံ့သြစရာပါ၊ artificial intelligence ကကြောက်ဖို့ကောင်းလာပြီ။ ခါးရိုးထိခိုက်ထားလို့ လမ်းမလျောက်နိုင်တဲ့မျောက်တကောင် ကို ဦးဏှောက်ထဲမှာ ကွန်ပြူတာ chip ပြားတပြားထည့်၊ ကျိုးနေတဲ့ ခါးရိုးပေါ်က ပျက်စီးနေတဲ့ အာရုံကြော ကိုကျော်ပြီး ခါးအောက်ပိုင်းက အာရုံကြောမကြီး မှာ တပြားထည့်…. wireless နဲ့ ချိတ်ပေးလိုက်တယ်၊ဦးဏှောက် က လှုပ်ရှားချင်တဲ့ အတိုင်း signal ကို အောက်က အာရုံကြောက ရပြီး မျောက် လမ်းပြန်လျောက်နိုင်သွားရော တဲ့…. bypass ပေါ့။

ကြွက်တကောင် ဦးဏှောက်ထဲ chip တပြားထည့်၊ ခက်တဲ့အလုပ်တွေလုပ်ခိုင်း၊ အဲ့ဒီအလုပ်တွေကို Chip memory က မှတ်၊သူ့ လုပ်ဆောင်ချက်တွေ ကွန်ပြူတာထဲသွင်း၊ ပြီးတော့ တခြားတမြို့မှာရှိတဲ့ ကြွက်တကောင်ရဲ့ ဦးဏှောက်က chip ထဲကို အဲ့ဒီ ကွန်ပြူတာကတဆင့် ဒေါင်းလုပ်လုပ်ပြီး လှမ်းပို့၊ ဟိုဘက်ကြွက်က မသင်ပဲနဲ့ ဒီဘက်ကြွက်လုပ်ခဲ့တဲ့ ခက်ခဲတဲ့အလုပ်တွေ အလိုလို လုပ်တတ်လာရော တဲ့။ လက်မလှုပ်နိုင်တဲ့လူကို လက်ကအာရုံကြောမှာ Chip ထည့်၊ ဦးဏှောက်ကခိုင်းတဲ့အတိုင်း လက်က ပြန်လှုပ်နိုင်တယ်။

CEO တွေကိုကုမ္ပဏီကိုဦးဆောင်တဲ့အခါ အဆုံးအဖြတ်မှားတွေ မလုပ်နိုင်အောင်အဆုံးအဖြတ်မှန်စေတဲ့ Chip တွေထည့်ထားသင့်တယ်လို့ အကြံပြုတဲ့လူက ပြုနေပြီ။ ကြွက်တွေမျောက်တွေအောင်မြင်ပြီးရင် လူတွေဆီ ရောက်တော့မယ်။သိပ်မဝေးတဲ့ခေတ်မှာ ဒီChip တွေရဲ့ အကူအညီနဲ့ စိတ်သွားတိုင်းကိုယ်ပါ အမှားနည်းတဲ့ခေတ်၊ ကိုယ်ချင်းစာတရားများတဲ့ခေတ် ရောက်မလား?။

ဦးဏှောက်မှာ ခွဲစိပ်ထည့်ထားတဲ့ Chip ထဲဒေါင်းလုပ် လုပ်လိုက်ရင် အဲ့ဒီ Chip ကတဆင့်ဦးဏှောက် မှတ်ဉာဏ်က သိုမှီးပြီး သိုင်း အလိုလို တတ်သွားတာမျိုး၊ ဂစ်တာတွေအလိုလိုတီးတတ်သွားတာမျိုး၊ စာတွေ ဖတ်စရာမလိုပဲ အလိုလို တတ်သွားတာမျိုး ခေတ်တွေ လာတော့မယ်။ လိုတာကိုChip ကတဆင့် ဒေါင်းလုပ် လုပ်တာနဲ့ လူ့ မှတ်ဉာဏ်ထဲမှာ တသက်လုံး အလိုအလျောက် သိုမှီး ပြီးသား ဖြစ်လာမှာတဲ့ ။ သိပ်မကြာ လောက်တော့ဘူး။ ကျွန်တော်ကတော့ အိုင်စတိုင်းဉာဏ်မျိုး download လုပ်ဖို့စိတ်မဝင်စားဘူး၊ အနုပညာတချို့နဲ့ ပျော်ရွှင်ခြင်း စာဖတ်ခြင်း စိတ်ငြိမ်းချမ်းစွာနေထိုင်ခြင်း ကို ဒေါင်းလုပ် လုပ်ချင်လိုက်တာ လို့ ချဉ်ခြင်းတက်မိတယ်။

မြန်မာပြည်က လူတွေမှာ ဘယ် subject ကို စပြီး download လုပ်ကြမလဲ? စည်းကမ်းလား? ပညာလား? စိတ်ဓါတ်လား? ရုပ်ပိုင်းဆိုင်ရာဖွင့်ဖြိုးမှု မမှီပေမဲ့ စကာင်္ပူ ကို အနှစ် ၂၀ အတွင်း စိတ်ပိုင်းဆိုင်ရာ မှီလာရင် သိပ်ကောင်းမယ်။ကဲ စိတ်ကူးယဉ်တဲ့ အနေ နဲ့ ဘာ softwareတွေ ဒေါင်းလုပ်လုပ်သင့်တယ် ဆိုတာ တွေးကြည့်ရအောင်….
ကျော်စွာမင်း( ပုဂံ)

zawgyi

သိပၸံဟာ အံ့ၾသစရာပါ၊ artificial intelligence ကေၾကာက္ဖို႔ေကာင္းလာၿပီ။ ခါး႐ိုးထိခိုက္ထားလို႔ လမ္းမေလ်ာက္ႏိုင္တဲ့ေမ်ာက္တေကာင္ ကို ဦးေဏွာက္ထဲမွာ ကြန္ျပဴတာ chip ျပားတျပားထည့္၊ က်ိဳးေနတဲ့ ခါး႐ိုးေပၚက ပ်က္စီးေနတဲ့ အာ႐ုံေၾကာ ကိုေက်ာ္ၿပီး ခါးေအာက္ပိုင္းက အာ႐ုံေၾကာမႀကီး မွာ တျပားထည့္…. wireless နဲ႔ ခ်ိတ္ေပးလိုက္တယ္၊ဦးေဏွာက္ က လႈပ္ရွားခ်င္တဲ့ အတိုင္း signal ကို ေအာက္က အာ႐ုံေၾကာက ရၿပီး ေမ်ာက္ လမ္းျပန္ေလ်ာက္ႏိုင္သြားေရာ တဲ့…. bypass ေပါ့။

ႂကြက္တေကာင္ ဦးေဏွာက္ထဲ chip တျပားထည့္၊ ခက္တဲ့အလုပ္ေတြလုပ္ခိုင္း၊ အဲ့ဒီအလုပ္ေတြကို Chip memory က မွတ္၊သူ႔ လုပ္ေဆာင္ခ်က္ေတြ ကြန္ျပဴတာထဲသြင္း၊ ၿပီးေတာ့ တျခားတၿမိဳ႕မွာရွိတဲ့ ႂကြက္တေကာင္ရဲ႕ ဦးေဏွာက္က chip ထဲကို အဲ့ဒီ ကြန္ျပဴတာကတဆင့္ ေဒါင္းလုပ္လုပ္ၿပီး လွမ္းပို႔၊ ဟိုဘက္ႂကြက္က မသင္ပဲနဲ႔ ဒီဘက္ႂကြက္လုပ္ခဲ့တဲ့ ခက္ခဲတဲ့အလုပ္ေတြ အလိုလို လုပ္တတ္လာေရာ တဲ့။ လက္မလႈပ္ႏိုင္တဲ့လူကို လက္ကအာ႐ုံေၾကာမွာ Chip ထည့္၊ ဦးေဏွာက္ကခိုင္းတဲ့အတိုင္း လက္က ျပန္လႈပ္ႏိုင္တယ္။

CEO ေတြကိုကုမၸဏီကိုဦးေဆာင္တဲ့အခါ အဆုံးအျဖတ္မွားေတြ မလုပ္ႏိုင္ေအာင္အဆုံးအျဖတ္မွန္ေစတဲ့ Chip ေတြထည့္ထားသင့္တယ္လို႔ အႀကံျပဳတဲ့လူက ျပဳေနၿပီ။ ႂကြက္ေတြေမ်ာက္ေတြေအာင္ျမင္ၿပီးရင္ လူေတြဆီ ေရာက္ေတာ့မယ္။သိပ္မေဝးတဲ့ေခတ္မွာ ဒီChip ေတြရဲ႕ အကူအညီနဲ႔ စိတ္သြားတိုင္းကိုယ္ပါ အမွားနည္းတဲ့ေခတ္၊ ကိုယ္ခ်င္းစာတရားမ်ားတဲ့ေခတ္ ေရာက္မလား?။

ဦးေဏွာက္မွာ ခြဲစိပ္ထည့္ထားတဲ့ Chip ထဲေဒါင္းလုပ္ လုပ္လိုက္ရင္ အဲ့ဒီ Chip ကတဆင့္ဦးေဏွာက္ မွတ္ဉာဏ္က သိုမွီးၿပီး သိုင္း အလိုလို တတ္သြားတာမ်ိဳး၊ ဂစ္တာေတြအလိုလိုတီးတတ္သြားတာမ်ိဳး၊ စာေတြ ဖတ္စရာမလိုပဲ အလိုလို တတ္သြားတာမ်ိဳး ေခတ္ေတြ လာေတာ့မယ္။ လိုတာကိုChip ကတဆင့္ ေဒါင္းလုပ္ လုပ္တာနဲ႔ လူ႔ မွတ္ဉာဏ္ထဲမွာ တသက္လုံး အလိုအေလ်ာက္ သိုမွီး ၿပီးသား ျဖစ္လာမွာတဲ့ ။ သိပ္မၾကာ ေလာက္ေတာ့ဘူး။ ကြၽန္ေတာ္ကေတာ့ အိုင္စတိုင္းဉာဏ္မ်ိဳး download လုပ္ဖို႔စိတ္မဝင္စားဘူး၊ အႏုပညာတခ်ိဳ႕နဲ႔ ေပ်ာ္႐ႊင္ျခင္း စာဖတ္ျခင္း စိတ္ၿငိမ္းခ်မ္းစြာေနထိုင္ျခင္း ကို ေဒါင္းလုပ္ လုပ္ခ်င္လိုက္တာ လို႔ ခ်ဥ္ျခင္းတက္မိတယ္။

ျမန္မာျပည္က လူေတြမွာ ဘယ္ subject ကို စၿပီး download လုပ္ၾကမလဲ? စည္းကမ္းလား? ပညာလား? စိတ္ဓါတ္လား? ႐ုပ္ပိုင္းဆိုင္ရာဖြင့္ၿဖိဳးမႈ မမွီေပမဲ့ စကာပၤူ ကို အႏွစ္ ၂၀ အတြင္း စိတ္ပိုင္းဆိုင္ရာ မွီလာရင္ သိပ္ေကာင္းမယ္။ကဲ စိတ္ကူးယဥ္တဲ့ အေန နဲ႔ ဘာ softwareေတြ ေဒါင္းလုပ္လုပ္သင့္တယ္ ဆိုတာ ေတြးၾကည့္ရေအာင္….
ေက်ာ္စြာမင္း( ပုဂံ)