Hip Hop အဆိုတော် ဗျူဟာ ကျန်းမာစွာရှိနေကြောင်း ဗျူဟာ၏ မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။ယနေ့နံနက် ၉နာရီခွဲခန့်က အဆိုတော်ဗျူဟာ နှင့် အိမ်ချင်းကပ်လျက်နေသူဟုဆိုသော အမျိုးသမီးတစ်ဦးက ၎င်း၏လူမှုကွန်ရက်ပေါ်တွင် ဗျူဟာ သေဆုံးသွားကြောင်း ဖော်ပြခဲ့သည့်အပေါ် မဟုတ်မှန်ကြောင်း ဗျူဟာ၏ မိသားစုနှင့် ရင်းနှီးသူတစ်ဦးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
“ဘာမှ မဖြစ်ပါဘူး။အခုထိတော့ ကျန်းကျန်းမာမာပါပဲ။တစ်ခါတလေကျရင် သတင်းတွေအရမ်းထွက်တော့ အထဲက သူအတွက်မကောင်းနိုင်ဘူးလေ။ဒီလောက်ပဲပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။
ယနေ့နံနက် ၄နာရီခန့်က အဆိုတော်ဗျူဟာ သေဆုံးသွားသည်ဟု ဖော်ပြခဲ့သော အမျိုးသမီး၏ပို့စ်ကို ယနေ့မွန်းလွဲ ၂နာရီ ၂၄မိနစ်အထိ မျှဝေသူ ၇၁၇ဦးရှိခဲ့ပြီး ကူးယူဖော်ပြခဲ့သည့် လူမှုကွန်ရက်အကောင့်ပေါင်းများစွာရှိခဲ့သည်။
အဆိုတော်ဗျူဟာ၏ ညီဖြစ်သူ အဆိုတော် ရာဇဝင်ကလည်း “သတင်းတွေကို source သေချာမှshare ကြရန် မေတ္တာရပ်ခံပါသည် ခင်ဗျား”ဟု ၎င်း၏လူမှုကွန်ရက်ပေါ်တွင်ဖော်ပြထား သည်။MPA ကအမည်မဖော်လိုသူ ရဲမှူးကြီးတစ်ဦးထံ မေးမြန်းရာ ဗျုဟာသေဆုံးသည်မှာ မဟုတ်မှန်ကြောင်းနှင့်တရားစွဲဆိုရန် အမှုတည်ဆောက်နေကြောင်း ပြောသည်။ “မသေပါဘူးဗျာ၊ပေါက်ကရတွေ။လောလောဆယ် အမှုတည်ဆောက်နေတုန်းပဲ။အင်းစိန်မှာပါပဲ”ဟု ၎င်းကပြောသည်။
မေလ ၂၃ရက်နေ့က အဆိုတော် ဗျူဟာသည် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ် Liveလွှင့်ကာ အာဏာသိမ်း စစ်ကောင်စီလက်ထက် မီးပြတ်တောက်မှုများလာသည့် အကြောင်း NLDအစိုးရနှင့် နှိုင်းယှဉ် ပြောကြားခဲ့ရာ စစ်ကောင်စီတပ် မေလ ၂၄ရက်နေ့ မနက်၌ ၎င်း၏နေအိမ်သို့လာရောက်ကာ ထိုးကြိတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
zawgyi
Hip Hop အဆိုေတာ္ ဗ်ဴဟာ က်န္းမာစြာရွိေနေၾကာင္း ဗ်ဴဟာ၏ မိသားစုႏွင့္ ရင္းႏွီးသူတစ္ဦးက ေျပာသည္။ယေန႔နံနက္ ၉နာရီခြဲခန႔္က အဆိုေတာ္ဗ်ဴဟာ ႏွင့္ အိမ္ခ်င္းကပ္လ်က္ေနသူဟုဆိုေသာ အမ်ိဳးသမီးတစ္ဦးက ၎၏လူမႈကြန္ရက္ေပၚတြင္ ဗ်ဴဟာ ေသဆုံးသြားေၾကာင္း ေဖာ္ျပခဲ့သည့္အေပၚ မဟုတ္မွန္ေၾကာင္း ဗ်ဴဟာ၏ မိသားစုႏွင့္ ရင္းႏွီးသူတစ္ဦးက ျငင္းဆိုလိုက္ျခင္းျဖစ္သည္။
“ဘာမွ မျဖစ္ပါဘူး။အခုထိေတာ့ က်န္းက်န္းမာမာပါပဲ။တစ္ခါတေလက်ရင္ သတင္းေတြအရမ္းထြက္ေတာ့ အထဲက သူအတြက္မေကာင္းႏိုင္ဘူးေလ။ဒီေလာက္ပဲေျပာခ်င္ပါတယ္”ဟု ၎က ေျပာသည္။
ယေန႔နံနက္ ၄နာရီခန႔္က အဆိုေတာ္ဗ်ဴဟာ ေသဆုံးသြားသည္ဟု ေဖာ္ျပခဲ့ေသာ အမ်ိဳးသမီး၏ပို႔စ္ကို ယေန႔မြန္းလြဲ ၂နာရီ ၂၄မိနစ္အထိ မွ်ေဝသူ ၇၁၇ဦးရွိခဲ့ၿပီး ကူးယူေဖာ္ျပခဲ့သည့္ လူမႈကြန္ရက္အေကာင့္ေပါင္းမ်ားစြာရွိခဲ့သည္။
အဆိုေတာ္ဗ်ဴဟာ၏ ညီျဖစ္သူ အဆိုေတာ္ ရာဇဝင္ကလည္း “သတင္းေတြကို source ေသခ်ာမွshare ၾကရန္ ေမတၱာရပ္ခံပါသည္ ခင္ဗ်ား”ဟု ၎၏လူမႈကြန္ရက္ေပၚတြင္ေဖာ္ျပထား သည္။MPA ကအမည္မေဖာ္လိုသူ ရဲမႉးႀကီးတစ္ဦးထံ ေမးျမန္းရာ ဗ်ဳဟာေသဆုံးသည္မွာ မဟုတ္မွန္ေၾကာင္းႏွင့္တရားစြဲဆိုရန္ အမႈတည္ေဆာက္ေနေၾကာင္း ေျပာသည္။ “မေသပါဘူးဗ်ာ၊ေပါက္ကရေတြ။ေလာေလာဆယ္ အမႈတည္ေဆာက္ေနတုန္းပဲ။အင္းစိန္မွာပါပဲ”ဟု ၎ကေျပာသည္။
ေမလ ၂၃ရက္ေန႔က အဆိုေတာ္ ဗ်ဴဟာသည္ ၎၏ လူမႈကြန္ရက္ စာမ်က္ႏွာေပၚ Liveလႊင့္ကာ အာဏာသိမ္း စစ္ေကာင္စီလက္ထက္ မီးျပတ္ေတာက္မႈမ်ားလာသည့္ အေၾကာင္း NLDအစိုးရႏွင့္ ႏႈိင္းယွဥ္ ေျပာၾကားခဲ့ရာ စစ္ေကာင္စီတပ္ ေမလ ၂၄ရက္ေန႔ မနက္၌ ၎၏ေနအိမ္သို႔လာေရာက္ကာ ထိုးႀကိတ္ၿပီးဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။