သူမဒုက္ခရောက်နေချိန်မှာ ချစ်ရသူတွေရဲ့စိတ်ရင်းအမှန်ကို သိရှိသွားခဲ့ရကြောင်း ရင်ဖွင့်လာတဲ့ မြတ်သူသူ
ပရိသတ်ကြီးရေ..သရုပ်ဆောင် မြတ်သူသူကတော့
MRTV 4 ဇာတ်လမ်းတွဲတွေကနေ မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပြီး..
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျော်ကြားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါ တယ်။
မြတ်သူသူဟာ ပြီးခဲ့တဲ့လတွေမှာ နိုင်ငံရေးပုဒ်မနဲ့
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အခုဆိုရင် ပြန်လည် လွတ်မြောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
မြတ်သူသူက အထဲမှာရှိစဉ်က သူမရဲ့ခင်ပွန်းနဲ့ မိသားစုတွေဆီက အကူအညီတွေအများကြီးရရှိခဲ့ပြီး သူမအနေနဲ့ တချို့ သောသူတွေရဲ့ ပုံစံအမှန်ကို သိခွင့်ရတယ်လို့ ဆိုပါတယ်။
မြတ်သူသူက “မြတ်သူရဲ့ ဘာသာရေး ကျန်းမာရေး လူမှုရေးမှ အစ အစစအရာရာအကုန်လိုက်စီစဉ်ပေးတဲ့ ခင်ပွန်းနဲ့ မိသားစုတွေကို အရမ်းကျေးဇူးတင်မိပါတယ်။ Chat Box အထိ တကူးတကအားပေး စိတ်ပူပေးကြသူများကို လည်း ကျေးဇူးတင်မိပါတယ် ။
အခက်အခဲဖြစ်လာတဲ့ အခါ တချို့လူတွေရဲ့ မူရင်းပုံစံကို သိခွင့်ရတာ အဆိုးထဲ က အကောင်းပါပဲ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ ပြောလာတာပဲဖြစ်ပါတယ်။
မြတ်သူသူကတော့ အခက်အခဲဒုက္ခတွေရောက်စဉ်က လူတွေရဲ့ မူရင်းပုံစံကို သိခွင့်ရတာ
အဆိုးထဲက အကောင်းလို့ ဆိုလာတာပဲဖြစ်ပါတယ်။ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ဖြတ်သူသူက သာသနာ့ဘောင်ထဲ ကိုဝင်ရောက်သွားဖို့လည်းရှိနေတာပဲ ဖြစ်ပါတယ်။#SK