Knowledge

တစ်ပတ္အတွင်း သိသိသာသာ ဝိတ်ကျစေမည့် သဘာဝနည်းလမ်းကောင်းများ

တစ်ပတ္အတွင်း သိသိသာသာ ဝိတ်ကျစေမည့် သဘာဝနည်းလမ်းကောင်းများ-

တစ်ပတ္အတွင်း ဝိတ်ချဖို့

သံပုရာသီး အစိမ်း နွင့္

လက်ဖက်ခြောက် အမြဲမပြတ် ဝယ်ထားပါ။

အခုပြောပြမယ့် နည်းလမ်းက အမှား မခံတာကို မမေ့ ပါနဲ့ ဖြစ်နိုင်ရင် အမှတ် အသား တစ်ခုခုလုပ်ပြီး (Print) ထုတ်ပြီးပဲ ဖြစ်ဖြစ်

အမြဲ မြင်နိုင်မယ့်ေ နရာမှာ ကပ်ထားပါ။အကောင်းဆုံး ကတော့ မနက် ၆:၀၀ လောက်အိပ် ရာထပါ။

တကယ်လို့ နောက်ကျမှ နိုးခဲ့ရင်လည်း နိုးတဲ့အချိန်မှာ လုပ်ပါ။

ဘီယာထည့်တဲ့ ငါးကြင်းဖန်ခွက် တစ်ခွက်ထဲ

သံပုရာသီး တစ်လုံးကို လှီးပြီး အရည်ညှစ်ထည့်ပါ၊ သံပုရာစေ့၊ သံပုရာခွံတွေ ကိုပါထည့်ပါ။

လက်ဖက်ခြောက် နည်းနည်းထည့်ပြီး ရေနွေးပူပူ အပြည့်လောင်း ထည့်ပါ။

အဖုံးအုပ်ပြီး နွေးနွေးလေး ဖြစ်တဲ့အထိ နှပ်ထားပါ။

အိပ်ရာက နိုးပြီး ၊ မျက်နှာသစ် သွားတိုက်ပြီးလျှင်၊ ဘာအစာကိုမှ မစားသောက်ခင် အပေါ်က စိမ်ထားတဲ့ သံပုရာရည် တစခွက်ကို ကုန်အောင် သောက်ပါ။

(မနက်တိုင်း ဒီနည်းအတိုင်း သောက်ရပါမယ်) ပြီးမှ ကော်ဖီသောက်တာ၊ အစာစားတာကို လုပ်ပါ။ တစ်ရက်လုံး စားချင်တာကိုစားပါ။ စိတ်ကြိုက်စားပါ။

ညနေ ၆:၀၀ နောက်ပိုင်း ဘာအစာကိုမှ မထိတို့ပါနဲ့..

မနက်က သောက်တဲ့အတိုင်း သံပုရာရည်တစ်ခွက်သာ သောက်ပြီး ပုံမှန်အိပ်ရာဝင်ချိန် တစ်ခု သတ်မှတ်၍ တိတိကျကျ လိုက်နာပါ။

မှတ်ချက်- ရေမချိုးခင် လေ့ကျင့်ခန်းနည်းနည်း လုပ်ခြင်းက ပိုပြီး ဝိတ်အကျ မြန်ပါတယ်။

အခုပြောပြပေးထားတဲ့ နည်းကို အတိအကျ မပျက်မကွက် လိုက်နာဖို့ လိုပါတယ်မေ့သွားတာမျိုး လုံးဝမရပါ..။

တကယ်ပိန်ချင်ရင် တစ်လပဲ လုပ်ကြည့်ပါ။၁၅ ပေါင်ကနေ ၂၀ အထိ အာမခံပါတယ်။ ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။

ထပ်ပြီးပြောချင်တာက လုံးဝ မပျက်မကွက် လိုက်နာနိုင်ဖို့ပါ မရှင်းရင် ထပ်မေးပါ ။

သံပုရာသီးနဲ့မတည့်သူတွေ ၊ အစာအိမ်သမားတွေ သွေးပေါင်ကျသူတွေ အတွက် အကြံမပေးပါဘူး။#SK