ရက်စက်လိုက်ကြတာ ကျောင်းဆရာမနှစ်ဦး ဆိုင်ကယ်စီးလာစဉ် ဆွဲကြိုးဖြတ်လုခံရတာမှ သေဆုံးမှုဖြစ်
အုတ်တွင်းမြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ ကျောင်းဆရာမ နှစ်ဦးစီးလာသည့်ဆိုင်ကယ် ဆွဲကြိုးဖြတ်လုယက်ခံရမှုကြောင့် ဆိုင်ကယ်မှောက်ပြီး တစ်ဦးသေ တစ်ဦးဒဏ်ရာရရှိမှု ယနေ့မေလ ၂၆ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်။
အုတ်တွင်းမြို့နယ် အင်ဒိုင်းကျေးရွာနေ မဝတ်ရည်ဝင်း နှင့် မဝေဟင်ဝင်း တို့နှစ်ဦးသည် တောင်ငူမြို့မှ ကလေးကျောင်းသုံးပစ္စည်းများဝယ်ယူ၍ ပြန်လာစဉ် အင်ဒိုင်းကျေးရွာထိပ်နားအရောက် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်၌ အနောက်မှ အမျိုးသား(၂)ဦး စီးနင်းလာသောဆိုင်ကယ်တစ်စီး ရုတ်တရက်ကပ်လာပြီး နောက်မှထိုင်လိုက်လာသည့် မဝေဟင်ဝင်း၏ ဆွဲကြိုးအား ဖြတ်ပြေးသွားခဲ့သည်။
ထို့ကြောင့် ဆိုင်ကယ်တိမ်းမှောက်ရာ မောင်းနှင်သည့် မဝတ်ရည်ဝင်း မှာ ဦးခေါင်း ထိခိုက် သတိလစ်(စိုးရိမ်ရ) ၊ မဝေဟင်ဝင်း မှာ ယာဘက်ပါးပြင် ဆုတ်ပြဲဒဏ်ရာများရ(မစိုးရိမ်ရ) ရရှိခဲ့ပြီး လုယက်သူများမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သတင်းအရ တောင်ငူဆေးရုံကြီးသို့ ရင်ခုန်သံ ရှင်/ကူ ယာဉ်ဖြင့် အရေးပေါ် အချိန်မှီ ကူညီပို့ဆောင်ပေးခဲ့သော်လည်း တောင်ငူဆေးရုံကြီး၌ မဝတ်ရည်ဝင်း သေဆုံးသွားခဲ့သည်။
ဓာတ်ပုံ – ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်းအုတ်တွင်းမြို့
ရက္စက္လိုက္ၾကတာ ေက်ာင္းဆရာမႏွစ္ဦး ဆိုင္ကယ္စီးလာစဥ္ ဆြဲႀကိဳးျဖတ္လုခံရတာမွ ေသဆံုးမႈျဖစ္
အုတ္တြင္းၿမိဳ႕၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္းေပၚ၌ ေက်ာင္းဆရာမ ႏွစ္ဦးစီးလာသည့္ဆိုင္ကယ္ ဆြဲႀကိဳးျဖတ္လုယက္ခံရမႈေၾကာင့္ ဆိုင္ကယ္ေမွာက္ၿပီး တစ္ဦးေသ တစ္ဦးဒဏ္ရာရရွိမႈ ယေန႔ေမလ ၂၆ ရက္ ေန႔လယ္ပိုင္းက ျဖစ္ပြားခဲ့သည္။
အုတ္တြင္းၿမိဳ႕နယ္ အင္ဒိုင္းေက်း႐ြာေန မဝတ္ရည္ဝင္း ႏွင့္ မေဝဟင္ဝင္း တို႔ႏွစ္ဦးသည္ ေတာင္ငူၿမိဳ႕မွ ကေလးေက်ာင္းသုံးပစၥည္းမ်ားဝယ္ယူ၍ ျပန္လာစဥ္ အင္ဒိုင္းေက်း႐ြာထိပ္နားအေရာက္ ရန္ကုန္-မႏၲေလး လမ္းေဟာင္းေပၚ၌ အေနာက္မွ အမ်ိဳးသား(၂)ဦး စီးနင္းလာေသာဆိုင္ကယ္တစ္စီး ႐ုတ္တရက္ကပ္လာၿပီး ေနာက္မွထိုင္လိုက္လာသည့္ မေဝဟင္ဝင္း၏ ဆြဲႀကိဳးအား ျဖတ္ေျပးသြားခဲ့သည္။
ထို႔ေၾကာင့္ ဆိုင္ကယ္တိမ္းေမွာက္ရာ ေမာင္းႏွင္သည့္ မဝတ္ရည္ဝင္း မွာ ဦးေခါင္း ထိခိုက္ သတိလစ္(စိုးရိမ္ရ) ၊ မေဝဟင္ဝင္း မွာ ယာဘက္ပါးျပင္ ဆုတ္ၿပဲဒဏ္ရာမ်ားရ(မစိုးရိမ္ရ) ရရွိခဲ့ၿပီး လုယက္သူမ်ားမွာ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္သတင္းအရ ေတာင္ငူေဆး႐ုံႀကီးသို႔ ရင္ခုန္သံ ရွင္/ကူ ယာဥ္ျဖင့္ အေရးေပၚ အခ်ိန္မွီ ကူညီပို႔ေဆာင္ေပးခဲ့ေသာ္လည္း ေတာင္ငူေဆး႐ုံႀကီး၌ မဝတ္ရည္ဝင္း ေသဆုံးသြားခဲ့သည္။
ဓာတ္ပုံ – ရင္ခုန္သံ ရွင္ေရးကူညီမႈအသင္းအုတ္တြင္းၿမိဳ႕