News

ယနေ့ တနင်္ဂနွေနေ့ (၂၄.၁၂.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၂၄၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3440 – 3490
ဥရောပယူရို 3670 – 3770
ဗြိတိသျှစတာလင်ပေါင် 4300 – 4420

သြစတြေးလျဒေါ်လာ 2280 – 2360
ဂျပန်ယန်း 23.30 – 24.00

(Current Content က တင်ပြသော ယခုသတင်းပါ)

တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.30 – 41.40
စင်ကာပူဒေါ်လာ 2540 – 2620
မလေးရှားရင်းဂစ် 725 – 750
တရုတ်ယွမ် 455 – 475
ထိုင်းဘတ် 97.60 – 99.50

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3705,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3500,000 ကျပ်ခန့် ရှိနေသည်။ (ဈေးပိတ်ရက် ဖြစ်၍ ခန့်မှန်းဈေးကိုသာ တင်ပြခြင်း ဖြစ်ပါသည်)

ယမန်နေ့က ရွှေဈေးသည် 3700,000 – 3710,000 ကျပ်ဝန်းကျင်ဖြင့် စဖွင့်ခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် ကျပ် 3715,000 သို့ မြင့်တက်လာပြီး ညနေပိုင်းတွင် 3705,000 သို့ ပြန်ကျကာ ဈေးပိတ်ခဲ့သည်။

ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်၍ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေဈေးနှုန်း ထုတ်ပြန်ခြင်း မရှိပါ။ ယမန်နေ့က YGEA ဈေးမှာ 3700,800 ဖြစ်ပြီး ပြင်ပရွှေဈေးနှင့် နီးကပ်ခဲ့သည်။

YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသည့်နောက် ပြင်ပရွှေဈေးနှင့် ထပ်တူနီးပါး ဖြစ်လာသည်ကို တွေ့ရသည်။