ဟာသ

ဘယ္ေလာက္ လွတဲ့ မိန္းမ ျဖစ္ေစ ဘယ္ေလာက္ ႐ုပ္ဆိုးတဲ့ မိန္းမျဖစ္ေစ ေမြးခန္းထဲ ေရာက္ရင္ အတူတူပဲ

ဘယ္ေလာက္ လွတဲ့ မိန္းမ ျဖစ္ေစ ဘယ္ေလာက္ ႐ုပ္ဆိုးတဲ့ မိန္းမျဖစ္ေစ ေမြးခန္းထဲ ေရာက္ရင္ အတူတူပဲ ။ လွလွ မလွလွ.. ႐ုပ္ဆိုးဆိုး မဆိုးဆိုး ခ်ီးမထြက္ရင္… ေတာ္ၿပီ။

ကိုယ္ေဒြ အတြက္ေတာ့ ခ်ီးမထြက္တဲ့ မိန္းမ က ခ်စ္ဖို႔ေကာင္းတာဗ်။ ခေလး မထြက္ခင္.. ခ်ီး အရင္ ထြက္တတ္တာကိုး🤮🤮။

မိန္းမ အမ်ားစု (တခ်ိဳ႕မပါ )တူညီတဲ့ အခ်က္က ခေလးကလည္း မထြက္ေသး ညႇစ္ရတာလည္း အားကုန္ ေမာပန္း ဗိုက္ကလည္း.. ရွယ္ နာၿပီးရင္း နာ အဲ့ အခ်ိန္မွာ.. က်ိန္ဆဲၿပီ ။

ဒင္း လုပ္လို႔ ငါ့မွာ ဒုကၡ ေတာ္ေတာ္ႀကီးဒယ္.. ဒင္းကေတာ့ ဘယ္မယားငယ္ဆီ သြားေနလဲ မသိ … ေသနာႀကီး.. ဘာညာ ။ က်ေနာ္တို႔ ကေတာ့ ရယ္ေနလိုက္တာပဲ။

ဒါေပသိ.. ခေလး ထြက္ၿပီး ခေလး ငိုသံ ၾကားရၿပီ ဆိုရင္ေတာ့ သူတို႔ေတြ.. ျပဳံးေနေတာ့တာပဲ ။ (ေအာက္က ေမြးေပးရတဲ့ ေကာင္ေတြသာ ေပေရလို႔) အမူးေျပေတာ့

ထန္းပင္ေပၚ ေမာ့ၾကည့္မွာလည္း ကိုယ္ေဒြက သိေနၿပီးသား🤣🤣 ။မယုံမရွိ နဲ႔ ၾကဳံဖူးတယ္။ ေမြးကုတင္ (ေမြးစင္ေပၚ)မွာ ညႇစ္ရင္း ညႇစ္ရင္း မခံနိုင္ေတာ့လို႔ ဆင္းေျပးတာ..

ေမြးခန္း အျပင္ကို ဖင္ တုံးလုံး နဲ႔… 😎😎 ကိုယ္ေဒြခမ်ာ လိုက္ ဖမ္းရေသး… ေပြ႕ ေခၚလာရေသး.. ဇာတ္ေတြလည္း နာရပါ့ေတာ္ ။

ဒီထက္ ပိုနာတာ ရွိေသး.. ေမြးခန္း တစ္ရက္မွာ… အဲ့ ေမြးခန္းထဲ ေယာက်္ား ဆိုလို႔ ကိုယ္တစ္ေယာက္တည္း.. က်န္တာ မိန္းခေလး ေတြခ်ည္းပဲ ။

အဲ့.. လူနာ ေတာင္းဆိုတာက တစ္မ်ိဳး ေယာက်ာ္း ဆရာဝန္ တစ္ေယာက္ေလာက္.. သူ႔ေဘးနား ေနေပးပါတဲ့။ ဘာျဖစ္လို႔လဲ အမ.. ဆိုေတာ့ လက္ေလး ကိုင္ထား ခ်င္လို႔ပါတဲ့ ။

ဆရာ့ လက္ေလးကို ကိုင္ၿပီး ညႇစ္ရရင္ ခေလး ျမန္ျမန္ ထြက္မွာ က်မ သိတယ္တဲ့.. ေသေရာ။ဆရာမ ကလည္း ေနေပးလိုက္ပါ ဆရာရယ္.. သူစိတ္ခ်မ္းသာေအာင္..

က်မ ေအာက္ကေန ေမြးေပးလိုက္ပါ့မယ္တဲ့။ မယ္မင္းႀကီးမ.. ကိုယ့္လက္ကို အတင္း ျဖစ္ညႇစ္ဆုပ္ကိုင္.. အားရပါးရညႇစ္.. ကေလးလည္း ထြက္ေရာ ကိုယ့္ လက္ေတြလည္း က်ိဳးမတတ္။

အေတာ္ နာတဲ့ ဇာတ္.. ။တခ်ိဳ႕ ကလည္း လာ..လာ ခ်ည္ေသး.. ဆရာ.. ျပန္ခ်ဳပ္ေနၿပီလား… ? …..ဟုတ္ … ဘာလို႔လဲ နာလို႔လား အမ…! မဟုတ္ပါဘူး ဆရာေရ…

က်မ ဟိုဒင္းကို လွလွေလး ျပန္ခ်ဳပ္ေပးပါတဲ့… (လွေနေတာ့ေရာ.. ဘယ္သူက ျမင္မွာမို႔လည္းမသိ) ကိုယ္ေဒြကေတာ့ အာလူးဆာဝန္ဆိုေတာ့ ရွယ္လွသြားၿပီ အမေရ.. လိုက္ေတာ့ မႂကြားနဲ႔… ။

ေဘာ္ဒါ တစ္ေဗြ ရဲ့ ေမြးခန္းထဲက ကေမာက္ကမ အေၾကာင္း ေျပာၿပ ရဦးမယ္။ အဲ့ေကာင္.. ေမြးလူနာ ေပါင္ၾကား ငုတ္တုတ္ထိုင္ၿပီး ေမြးေပးေရာ.. ကေလးက ေခါင္းႀကီးေတာ့ ေမြးလမ္းေၾကာင္း ခ်ဲ႕ရတယ္။

ကေလးက အျပင္ေရာက္.. အခ်င္း က ခ်ၿပီး .. အဲ့ ခ်ဲ႕ထားတဲ့ ဟာ ကို ျပန္ခ်ဳပ္ရေတာ့မယ္ ။ ခ်ဳပ္ခါနီး.. သန္႔ရွင္းေရးလုပ္ေပးရတယ္။

အဲ့ဒီမွာ ကိုယ္ေတာ္ေခ်ာ က Saline နဲ႔ အရက္ျပန္နဲ႔ မွားေဆးမိေရာ။ လူနာခမ်ာ.. ထြန္႔ ထြန္႔ လူး 🥵🥵 လူနာက ထေအာ္ေရာ.. ….အမေလး ဆရာရဲ့… စပ္လိုက္တာ… မႈတ္ေပး ပါဦး.. မႈတ္ေပးပါဦးနဲ႔… ဆိုၿပီး။

အဲ့ေတာ့မွာ အဲ့ေကာင္ သူအမွားသူသိ ပ်ာပ်ာသလဲ နဲ႔ Mask ႀကီး ေအာက္ဆြဲခ်ၿပီး… တဖူးဖူး နဲ႔ မႈတ္ပါေလေရာ 😵😵 !

(ေဒါက္တာ ေတဇေက်ာ္… ေမၿမိဳ႕)

Unicode

ဘယ်လောက် လှတဲ့ မိန်းမ ဖြစ်စေ ဘယ်လောက် ရုပ်ဆိုးတဲ့ မိန်းမဖြစ်စေ မွေးခန်းထဲ ရောက်ရင် အတူတူပဲ ။ လှလှ မလှလှ.. ရုပ်ဆိုးဆိုး မဆိုးဆိုး ချီးမထွက်ရင်… တော်ပြီ။

ကိုယ်ဒွေ အတွက်တော့ ချီးမထွက်တဲ့ မိန်းမ က ချစ်ဖို့ကောင်းတာဗျ။ ခလေး မထွက်ခင်.. ချီး အရင် ထွက်တတ်တာကိုး🤮🤮။

မိန်းမ အများစု (တချို့မပါ )တူညီတဲ့ အချက်က ခလေးကလည်း မထွက်သေး ညှစ်ရတာလည်း အားကုန် မောပန်း ဗိုက်ကလည်း.. ရှယ် နာပြီးရင်း နာ အဲ့ အချိန်မှာ.. ကျိန်ဆဲပြီ ။

ဒင်း လုပ်လို့ ငါ့မှာ ဒုက္ခ တော်တော်ကြီးဒယ်.. ဒင်းကတော့ ဘယ်မယားငယ်ဆီ သွားနေလဲ မသိ … သေနာကြီး.. ဘာညာ ။ ကျနော်တို့ ကတော့ ရယ်နေလိုက်တာပဲ။

ဒါပေသိ.. ခလေး ထွက်ပြီး ခလေး ငိုသံ ကြားရပြီ ဆိုရင်တော့ သူတို့တွေ.. ပြုံးနေတော့တာပဲ ။ (အောက်က မွေးပေးရတဲ့ ကောင်တွေသာ ပေရေလို့) အမူးပြေတော့

ထန်းပင်ပေါ် မော့ကြည့်မှာလည်း ကိုယ်ဒွေက သိနေပြီးသား🤣🤣 ။မယုံမရှိ နဲ့ ကြုံဖူးတယ်။ မွေးကုတင် (မွေးစင်ပေါ်)မှာ ညှစ်ရင်း ညှစ်ရင်း မခံနိုင်တော့လို့ ဆင်းပြေးတာ..

မွေးခန်း အပြင်ကို ဖင် တုံးလုံး နဲ့… 😎😎 ကိုယ်ဒွေခမျာ လိုက် ဖမ်းရသေး… ပွေ့ ခေါ်လာရသေး.. ဇာတ်တွေလည်း နာရပါ့တော် ။

ဒီထက် ပိုနာတာ ရှိသေး.. မွေးခန်း တစ်ရက်မှာ… အဲ့ မွေးခန်းထဲ ယောကျ်ား ဆိုလို့ ကိုယ်တစ်ယောက်တည်း.. ကျန်တာ မိန်းခလေး တွေချည်းပဲ ။

အဲ့.. လူနာ တောင်းဆိုတာက တစ်မျိုး ယောကျာ်း ဆရာဝန် တစ်ယောက်လောက်.. သူ့ဘေးနား နေပေးပါတဲ့။ ဘာဖြစ်လို့လဲ အမ.. ဆိုတော့ လက်လေး ကိုင်ထား ချင်လို့ပါတဲ့ ။

ဆရာ့ လက်လေးကို ကိုင်ပြီး ညှစ်ရရင် ခလေး မြန်မြန် ထွက်မှာ ကျမ သိတယ်တဲ့.. သေရော။ဆရာမ ကလည်း နေပေးလိုက်ပါ ဆရာရယ်.. သူစိတ်ချမ်းသာအောင်..

ကျမ အောက်ကနေ မွေးပေးလိုက်ပါ့မယ်တဲ့။ မယ်မင်းကြီးမ.. ကိုယ့်လက်ကို အတင်း ဖြစ်ညှစ်ဆုပ်ကိုင်.. အားရပါးရညှစ်.. ကလေးလည်း ထွက်ရော ကိုယ့် လက်တွေလည်း ကျိုးမတတ်။

အတော် နာတဲ့ ဇာတ်.. ။တချို့ ကလည်း လာ..လာ ချည်သေး.. ဆရာ.. ပြန်ချုပ်နေပြီလား… ? …..ဟုတ် … ဘာလို့လဲ နာလို့လား အမ…! မဟုတ်ပါဘူး ဆရာရေ…

ကျမ ဟိုဒင်းကို လှလှလေး ပြန်ချုပ်ပေးပါတဲ့… (လှနေတော့ရော.. ဘယ်သူက မြင်မှာမို့လည်းမသိ) ကိုယ်ဒွေကတော့ အာလူးဆာဝန်ဆိုတော့ ရှယ်လှသွားပြီ အမရေ.. လိုက်တော့ မကြွားနဲ့… ။

ဘော်ဒါ တစ်ဗွေ ရဲ့ မွေးခန်းထဲက ကမောက်ကမ အကြောင်း ပြောပြ ရဦးမယ်။ အဲ့ကောင်.. မွေးလူနာ ပေါင်ကြား ငုတ်တုတ်ထိုင်ပြီး မွေးပေးရော.. ကလေးက ခေါင်းကြီးတော့ မွေးလမ်းကြောင်း ချဲ့ရတယ်။

ကလေးက အပြင်ရောက်.. အချင်း က ချပြီး .. အဲ့ ချဲ့ထားတဲ့ ဟာ ကို ပြန်ချုပ်ရတော့မယ် ။ ချုပ်ခါနီး.. သန့်ရှင်းရေးလုပ်ပေးရတယ်။

အဲ့ဒီမှာ ကိုယ်တော်ချော က Saline နဲ့ အရက်ပြန်နဲ့ မှားဆေးမိရော။ လူနာခမျာ.. ထွန့် ထွန့် လူး 🥵🥵 လူနာက ထအော်ရော.. ….အမလေး ဆရာရဲ့… စပ်လိုက်တာ… မှုတ်ပေး ပါဦး.. မှုတ်ပေးပါဦးနဲ့… ဆိုပြီး။

အဲ့တော့မှာ အဲ့ကောင် သူအမှားသူသိ ပျာပျာသလဲ နဲ့ Mask ကြီး အောက်ဆွဲချပြီး… တဖူးဖူး နဲ့ မှုတ်ပါလေရော 😵😵 !

(ဒေါက်တာ တေဇကျော်… မေမြို့)