News

မအူပင်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားထီးတော်မြေခပြီး လူသေဆုံးမှုများရှိ(ရုပ်သံ)

မအူပင်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဘုရားထီးတော်မြေခပြီး လူသေဆုံးမှုများရှိ(ရုပ်သံ)

မအူပင်မြို့နယ်တွင် ယနေ့မွန်းပိုင်းမှ စတင်၍ ပြင်းထန်သည့် ငလျင်များ လှုပ်ခတ်သဖြင့် ညနေ ၀၄း၂၅နာရီအချိန်မှာ ၅ စက္ကန့်ခန့်အကြာ လှုပ်ခတ်မှုကြောင့် ပျက်စီးထိခိုက်မှုနှင့် သေဆုံးမှုတို့ရှိ

မိုးကုတ်ဝိပသနာတရားတိုက်မှ အပေါ်ထပ် ရှေ့ ဝရန်တာ ဆလပ်ပြား ကျိုးကျသဖြင့် အောက်ထပ် အပြင်ဘက်ထွက်ရှိနေသည့် သီလရှင် တစ်ပါးပျံလွန် ၊ ယောဂီတစ်ပါး ဆုံးပါး ကွယ်လွန်ဟု ကနဦးသိရ

ညနေ ၆နာရီ မတိုင်ခင် ၄ကြိမ် လှုပ်ခတ်ခဲ့ပြီး –
( မွန်းလွဲ ၀၂း၄၅အချိန်ခန့် ၁မိနစ်ခန့်အကြာ ၊ ညနေ ၀၄း၂၅အချိန် ၅မိနစ်ခန့် အကြာ ၊ ၀၅း၀၂ အချိန် ၁မိနစ်ခန့်အကြာ ၊ ညနေ ၀၅း၄၆အချိန် ၁မိနစ်ခန့်အကြာ )



