Cele News
ရိုးရာလက်ဝှေ့ချစ်သူပရိတ်သတ်တို့ သိချင်နေကြတဲ့ တွေ့မရှောင်ဘာလို့မာလဲဆိုတာကို ပြောပြခဲ့တဲ့ ဆရာအေးချိုဦး
ရိုးရာလက်ဝှေ့ချစ်သူပရိတ်သတ်တို့ သိချင်နေကြတဲ့ တွေ့မရှောင်ဘာလို့မာလဲဆိုတာကို ပြောပြခဲ့တဲ့ ဆရာအေးချိုဦး
🗣️ ကော့သောင်း ဆရာအေးချိုဦး –
” ကျွန်တော်တပည့်တွေထဲမှာတော့ တွေ့မရှောင်ကကောင်းလို့ ဒီလိုပြောတာမဟုတ်ပါဘူး။ ကုန်ကုန်ပြောရင် ကျွန်တော်‌ရေချိုးပြီးလို့ အတွင်းခံကအစ သူလျှော်ပေးပါတယ်၊ ဆရာအိတ်ထဲမှာသုံးဖို့ပိုက်ဆံမရှိဘူးဆိုရင်လဲ သူထည့်ထားပေးတယ်။ အပြင်သွားမယ်ဆိုရင်လဲ ဖိနပ်ကအစသေချာသုတ်ပေး၊ အင်္ကျီကိုသေချာတိုက် အကုန်လုပ်ပေးပါတယ်။
ကျွန်တော်တွေ့မရှောင်ကို ညအိပ်ရင် ဘုရားရှိခိုးခိုင်းတယ်။ မိဘတွေ၊ ဆရာတွေကို သေချာရှိခိုးခိုင်းပါတယ်။ တချို့တလေကလဲ တွေ့မရှောင်အရမ်းမာတယ်၊ ဘာတွေဆောင်ထားလဲ ဘာညာဆိုပြီး ကျွန်တော့်ကိုလာမေးကြတယ်။ တကယ်တော့ တွေ့မရှောင်က တခြားဘာမှမဆောင်ပါဘူး၊ သူကအမေရဲ့ထဘီထပ်ဆင့်ကို လက်မှာစည်းထားတယ်၊ အဲ့ဒါကသေနတ်ပစ်တာတောင် လွဲပါတယ်။ တွေ့မရှောင်ထိုးလို့ကွဲတယ် ကျွန်တော်လက်နဲ့၃ချက်ဘဲသပ်တယ် သွေးကချက်ချင်းတိတ်ပါတယ်။ ”