News

ကမ္ဘာ့ရွှေဈေး ငါးပတ်အတွင်း အများဆုံး မြင့်လာပြီး မြန်မာ့ရွှေလည်း ဈေးမြင့်နေ …see more

အမေရိကန်ဒေါ်လာတန်ဖိုး အားကောင်းနေတဲ့အတွက် မနေ့က သောကြာနေ့ ဈေးပိတ်ခါနီးမှာ

ကမ္ဘာ့ရွှေဈေး ကျဆင်းခဲ့ပေမဲ့ မေလအစောပိုင်းနောက်မှာ ဈေးအကောင်းဆုံး သီတင်းပတ် ဖြစ်ခဲ့ပါတယ်

အမေရိကန်ပြည်ထောင်စုရဲ့ အလုပ်အကိုင်ဈေးကွက် အားနည်းလာတဲ့သတင်းနဲ့ ဗဟိုဘဏ်က အတိုးနှုန်းကို

မတင်တော့ဘူးလို့ ယူဆရတဲ့အခြေအနေတွေကြောင့် ရွှေဈေး အခုလို ပြန်ဦးမော့လာတာပါ။

မနေ့က လက်ငင်းရောင်းဝယ်တဲ့ရွှေဈေးက တစ်အောင်စကို ၁၉၆၁.၃၉ ဒေါ်လာ ရှိခဲ့ပြီး ဝ.၃ % ကျသွားပေမဲ့ ပြီးခဲ့တဲ့တစ်ပတ်တာမှာ ဝ.၇ % မြင့်တက်ခဲ့ပါတယ်။ ကြာသပတေးနေ့ကလည်း အမေရိကန်ရဲ့အလုပ်အကိုင် အခြေအနေ မကောင်းတဲ့သတင်းကြောင့် ရွှေဈေးက ၁.၅ % ခုန်တက်ခဲ့ပါသေးတယ်။

“ကမ္ဘာ့ရွှေဈေးက အမေရိကန်ဗဟိုဘဏ်က ရှေ့အပတ်မှာ ထုတ်ပြန်မယ့်သတင်းပေါ် မူတည်ပြီး တစ်အောင်စကို ၁၉၄၀ – ၁၉၉၀ ဒေါ်လာကြားမှာ အတက်အကျ ဆက်ဖြစ်နိုင်တယ်” လို့ ဈေးကွက်လေ့လာသူက ပြောပါတယ်။

မြန်မာပြည်တွင်းမှာတော့ ကမ္ဘာ့ရွှေဈေး ခပ်ပါးပါး လှုပ်နေချိန်အတွင်း ပြင်ပဒေါ်လာဈေးက ၃၀၀၀ ကျပ်နားအထိ မြင့်တက်လာတာကြောင့် အခေါက်ရွှေဈေးဟာ တစ်ကျပ်သားကို ၃၁ သိန်းဝန်းကျင်အထိ မြင့်လာခဲ့ပါတယ်။