ယေန့ ကြာသာပေတးနေ့မွာ ကမ္ဘာကြီးနဲ့ အနီးဆုံးကေနျဖတြ်သားမယ့် ဥက္ကာပ်ံကြီးအေကြာင်း..
ကြာသာပတေးနေ့မှာ ကမ္ဘာကြီးနဲ့ အနီးဆုံးကနေဖြတ်သွားမယ့် ဥက္ကာပျံကြီးအကြောင်း
ပေ၁၆၀၀၀ အထိအရှည်ရှိပြီး ကမ္ဘာကြီးအနီးမှာရှိတဲ့ အကြီးဆုံး ဥက္ကာပျံတွေထဲက တစ်ခု
ဖြစ်တဲ့ 2020 DB5 က
ကမ္ဘာကြီးနဲ့ အနီးဆုံးနေရာကနေ မနက်ဖြန်ကြာသပတေးနေ့မှာ ဖြတ်သွားမှာဖြစ်ပါတယ်။
NASA ကနေပြောတဲ့ သတင်းတွေအရကတော့ ဒီ ဥက္ကာပျံက အလွန်အန္တရာယ်များပြီး ကမ္ဘာကြီးကို ထိခိုက်မှု့ရှိနိုင်တယ် လို့ဆိုပါတယ်။
ဒါပေမယ့် ဥက္ကာပျံရဲ့ အရွယ်အစားကြောင့်သာ ဒီလို ခန့်မှန်းရတာဖြစ်ပြီး ဖြတ်သွားမယ့်
အကွာအဝေးကတော့ ကမ္ဘာကြီးနဲ့ လွတ်ကင်းစွာ ရှိနေတယ်လို့လည်း ထပ်ပြောပါတယ်။
ဒီ ဥက္ကာပျံက ၁၉၀၅ ခုနှစ်ကတည်းက ကမ္ဘာကြီးကို ပတ်နေတာဖြစ်ပြီး တစ်ခါဖြတ်တိုင်း
၆ဆ နီးနီးလာတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီတစ်ခါ ပြီးရင်တော့ ၂၀၄၈ ခုနှစ်မှ ထပ်မံပြီးဖြတ်သန်းသွားတော့မှာ ဖြစ်ပါတယ်။
လူသားတွေရဲ့ မျက်စိနဲ့ မမြင်နိုင်ပေမယ့် Telescope နဲ့ ကြည့်တဲ့သူတွေအတွက်တော့
မနက်ဖြန်မှာ အရမ်းလှပတဲ့ မြင်ကွင်းတစ်ခုကို ထပ်မြင်ရဦးမှာပဲ ဖြစ်ပါတယ်။