Weather

21.06.2023မှ နောက် ၂၄ နာရီအတွင်း မိုးကြီးနိုင်တဲ့ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ စုစုစံ🌧🌧

နောက်၂၄နာရီအတွင်း မန္တလေးတိုင်းအထက်ပိုင်း ၊

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် ဒေသတွေမှာမိုးရွာနိုင်ပါတယ်။

၂၄နာရီအတွင်း တောင်ကြီးခရိုင်နှင့် ကလောခရိုင်ဒေသတွေမှာ မိုးရွာနိုင်ပါတယ် 🌧🌧🌧

၂၀၂၃ ဇူလိုင်လတွင် ရန်ကုန်တိုင်းဒေသကြီးမှာ ရွာသွန်းမြဲထက် ၂ဆပိုမိုရွာသွန်းနိုင်ပြီး

ဧရာဝတီ တိုင်းဒေသကြီးကတော့ ရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်သဖြင့်

ရေကြီးရေလျှံမှူတွေဖြစ်ပေါ်နိုင်ပါတယ် ရက်အဝေးကြီးခန့်မှန်းပေးထားတာဖြစ်ပါတယ်။

လဝေးရက်ဝေးရက်နီးခန့်မှန်းချက်များကို ကြိုတင် ခန့်မှန်းပေးနိုင်ရန်အတွက်

weather data အချက်အလက်များစွာဝယ်ယူနိုင်ရန်အတွက် ပံပိုးကူညီကြသူအားလုံးကို

ကျေးဇူးတင်ပါတယ် အချိန်နှင့်တပြေးညီခန့်မှန်းပေးနိုင်အောင်ကြိုးစားပေးနေပါတယ်။

လာနေပြီ အလယ်ပိုင်းဒေသတွေဆီကို မိုးတွေ ၂၀၂၃ ဇွန်လ ၂၃ရက်နေ့မှ ၂၇ရက်နေ့အထိ

မကွေးတိုင်းမန္တလေးတိုင်း နေပြည်တော် ရှမ်းပြည်နယ် စစ်ကိုင်းတိုင်းဒေသတွေမှာ မိုးရက်ဆက်ရွာပါလိမ့်မယ်

တောင်သူပျော် ပုံးညက်မိုး တွေပေါ့ ဒေသအလိုက်နေ့ရက်အလိုက်မိုးရွာသွန်းနိုင်မှုအခြေအနေကို

အသေးစိတ်စိစစ်တွက်ချက်ပြီး.. ရက်ဝေး ရက်နီး အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ်။

အနောက်တောင်မုတ်သုန်လေအားကောင်းနေပါတယ် ၂၄နာရီအတွင်း ကရင်ပြည်နယ်

မွန်ပြည်နယ် ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ

မိုးရွာနိုင်ပြီး ဟင်္သာတခရိုင် ပုသိမ်ခရိုင် သံတွဲခရိုင်ဒေသတွေမှာမိုးကြီးနိုင်ပါတယ်။#စုစုစံ – Su Su San