ပရိသတ်ကြီးရေ မေပန်းချီကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။
ဆွဲဆောင်မှုရှိလှပြီး ရိုးသားပွင့်လင်းကာ ဟန်ဆောင်မာန်မာနမရှိတာကြောင့် ပရိသတ်တွေက အချစ်ပိုနေရတဲ့ ပရိသတ်အချစ်တော်ဆိုရင်လည်းမမှားပါဘူးနော်။
မေပန်းချီကတော့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပေမဲ့ ဘာသာရေးလည်းကိုင်းရှိုင်းကာ အလှူအတန်းလည်းရက်ရောလွန်းလှပါသေးတယ်။ ဒီနေ့မှာလည်း အလှူအတန်းရက်ရောလွန်းလှတဲ့ ပန်းချီကတော့ မွန်မြတ်လှတဲ့ ဝါဆိုသင်္ကန်းကပ်အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
လတ်တလောမှာတော့ မြန်မာလူမျိုးတို့ရဲ့ ထုံးစံအတိုင်း ဝါဆိုသင်္ကန်းကပ်လှူတဲ့ အလှူလေးတွေကို ပြုလုပ်နေကြတဲ့ ကာလလည်းဖြစ်ပါတယ်။
ပန်းချီကတော့ သူ့ရဲ့ နေအိမ်အသစ်ကို အိမ်သစ်တက်မင်္ဂလာပွဲလေးနဲ့အတူ ဝါဆိုသင်္ကန်းကပ်အလှူလေးပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
Source – May Panche
MiMi Ngal – CeleZone
အိမ်တက်နဲ့ ဝါဆိုသင်္ကန်းကပ် အလှူတော်မင်္ဂလာလေးပြုလုပ်ခဲ့တဲ့ မေပန်းချီ
Source – May Panche