သြဂုတ် ၂၀၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော
အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3860 – 3880 (မနက်ပိုင်း 3920 – 3940 မှ ပြန်ကျလာခြင်းဖြစ်)
ဥရောပယူရို 4010 – 4140
ဗြိတိသျှစတာလင်ပေါင် 4730 – 4890
သြစတြေးလျဒေါ်လာ 2370 – 2450
ဂျပန်ယန်း 25.28 – 26.10
တောင်ကိုရီးယားဝမ် 2.76 – 2.85
အိန္ဒိယရူပီး 45.55 – 46.00
စင်ကာပူဒေါ်လာ 2795 – 2885
မလေးရှားရင်းဂစ် 800 – 825
တရုတ်ယွမ် 517 – 530
ထိုင်းဘတ် 104.15 – 107.53
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည်
တစ်ကျပ်သားလျှင် 3900,000 ကျပ်ပတ်လည် ရှိနေပြီး ၁၅ ပဲရည်ရွှေဈေးသည် 3700,000 ကျပ်ခန့် ရှိနေသည်။
မနက်ပိုင်း ပြင်ပရွှေဈေးသည် ကျပ် 39 သိန်းနှင့် စဖွင့်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကျပ် 39 သိန်းအောက် ကျသွားခဲ့သော်လည်း ညနေပိုင်းတွင် ကျပ် 39 သိန်း၌ ပြန်လည် ရပ်တည်နိုင်ခဲ့ကြောင်း တွေ့ရသည်။
သို့သော် ယခင်ရက်များက ဖြစ်ပေါ်ခဲ့သော တစ်ကျပ်သား ကျပ် 39 သိန်းခွဲအပေါ်ကို ပြန်မတက်နိုင်ဘဲ 39 သိန်းဝန်းကျင်၌သာ အတက်အကျ ဖြစ်နေပြီး ဒေါ်လာဈေးလည်း အနည်းငယ် ပြန်အေးလာသည်။
မနေ့က နေပြည်တော်တွင် ဗဟိုဘဏ်၊ ကုန်သည်စက်မှုအသင်းချုပ်နှင့် တာဝန်ရှိသူများ အစည်းအဝေး ပြုလုပ်ခဲ့ရာ၌ နိုင်ငံခြားငွေဈေး မြင့်တက်အောင် အွန်လိုင်း၊ လူမှုကွန်ရက်များတွင် လှုံ့ဆော်နေခြင်းနှင့် ဟွန်ဒီ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေခြင်းတို့ကို အရေးယူမည်ဟု ထုတ်ပြန်သည်။
ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပရွှေဈေးသည် 3955,000 – 3965,000 ကျပ် ဖြစ်ခဲ့သည်။ ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရည်ညွှန်းရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။