ကျန်းမာရေးအတွက်ရောအသားအရေအတွက်ပါအကျိုးကျေးဇူးတွေများလှတဲ့သံပရာသီးရဲ့အသုံးဝင်ပုံတွေကိုတော့ လူတိုင်းသိကြမှာပါ
အခုဖော်ပြပေးမှာကတော့ညဘက်အိပ်စက်တဲ့အခါသံပရာသီးစိတ်ကိုမိမိရဲ့အိပ်ရာဘေး
ဒါမှမဟုတ် အိပ်ရာအနီးတဝိုက်ကစားပွဲပေါ်မှာထားပေးရုံနဲ့ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေပဲဖြစ်ပါတယ်
(၁)သွေးတိုးရောဂါကိုသက်သာစေနိုင်တယ်သံံပရာသီးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရနံ့ကုထုံးတွေမှာအသုံးပြုခဲ့ကြတာဖြစ်ပြီးသံံပရာသီးရနံ့ဟာသွေးပေါင်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။
ဒါကြောင့်မို့ိလိုသွေးတိုးရောဂါရှိသူတွေအနေနဲ့အိပ်စက်တဲအ့ခါအိပ်ရာဘေးအနီးတဝိုက်မှာသံပရာသီးစိတ်ထားပေးခြင်းက သွေးပေါင်တက်ခြင်းကိုသက်သာစေနိုင်ပါတယ်။
(၂)အခန်းတွင်းလေထုကိုသန့်စင်ပေးနိုင်တယ်အိပ်စက်တဲ့အခါအိပ်ရာအနီးတဝိုက်မှာသံပရာသီစိတ်ထားပေးခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်တဲ့ဘက်တီးရီးယားပိုးမွှားတွေကိုသေေစနိုင်တဲ့အပြင်ခြင်၊ယင်ကောင်စတဲ့အင်းဆက်တွေရဲ့အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၃) ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုပိုမိုကောင်းမွန်စေနိုင်တယ်ဂျပန်နိုင်ငံကဆေးပညာရှင်တွေရဲ့ lသုတေသနလေ့လာမှုတွေအရသံပရာသီးရနံ့ဟာဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုပိုမိုကောင်းမွန်စေပြီးအာရုံစူးစိုက်မှုကိုပိုမိုမြင့်တက်စေနိုင်တယ်လို့ဆိုပါတယ်။
(၄)စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်တယ်ရနံ့ကုထုံးပညာရှင်တွေဟာစိုးရိမ်ပူပန်မှုများသူတွေနဲ့စိတ်ကျရောဂါခံစားနေရသူတွေကိုသံပရာသီးရနံ့ကုထုံးကို အသုံးပြုကာကုသပေးလေ့ရှိပါတယ်အိပ်ခန်းတွင်းမှာသံပရာသီးစိတ်ထားပေးခြင်းကတနေ့တာစိတ်ပင်ပန်းမှုနဲ့စိတ်ဖိစီးမှုတွေကိုလျော့ကျစေနိုင်မှာဖြစ်ပါတယ်။
(၅)စိတ်လန်းဆန်းပေါ့ပါးစေတယ်အိပ်ရာနိုးတဲ့အခါလေးလံထိုင်းမှိုင်းပြီးလန်းဆန်းတက်ကြွမှုမရှိခြင်းတွေကိုသံပရာသီးရနံ့က ကုစားပေးနိုင်ပါတယ်အိပ်ရာ
ဘေးမှာသံပရာသီးစိတ်ထားပေးခြင်းက ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေနိုင်တဲ့အပြင် လန်းလန်းဆန်းဆန်း နိုးးထနိုင်စေပါတယ်။