Health Care

အဖုအကျိတ်အတွက် ဆေးတစ်လက်….

အကုန်အကျ သက်သာစေမည့် ခန္ဓာ ကိုယ်မှ အဖုအကျိတ်တွေကိုအလွယ်တကူ ပျောက်ကင်းစေ မည့် ဆေးနည်း

ဆေးနည်း မှာ

(၁) ထုံး(ကွမ်းစားထုံး) ။

(၂) မန်ကျည်းမှည့်(အစေ့မပါ)

(၃) ပျားရည်စစ် ။

ထိုသုံးမျိုးကို အဖုအကျိတ် အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍ လက်ဖဝါးပေါ်တွင် နာနာပွတ်ပြီး နယ်ပေးလိုက်ပါ။လက်ဖဝါးပေါ်တင်ကာ နယ်ထားသော ထုံး၊မန်ကျည်းမှည့်၊ပျားရည်တို့မျှတစွာ ရောစပ်သွားသော ဆေးကိုအဖုအကြိတ် ပေါ်တင်ရန်ဖြစ်ပါသည် ။

အဖုအကျိတ်ပေါ်ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည် ပြန်ပြီးမခွာရပါ

တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှ တင်ပေးနိုင်ပါသည်။အဖုအကျိတ်ဖြစ်ကာစ ဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာ ပျောက်ကင်းပါသည် ။

အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည်။

ရဲမျိုးသူ (ဗောဓိမြိုင်)