လောက်သေပင် (ခေါ်) ရွှေကူသံလျက်ပင်
ဒီတခါ လူပြောများလှတဲ့ လောက်သေပင်အကြောင်း တင်ပြလိုတယ်၊ လောက်သေလို့သာ သိကြပေမဲ့ သူ့ကို ရွှေကူသံလျက်လည်းခေါ်ကြပါသေးတယ်၊
ဆေးကျမ်းထဲတွင် မဟာကာလှံတင်၊ ရွှေကူလှံတင် စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြတယ်၊ အရွက်ကိုကြည့်ပြီး အရွက်
သေးမျိုးကို “လောက်သေ” အရွက်အကြီးကို “ရွှေကူသံလျက်”လို့ အမည်ပေးသော်လည်း သိပ္ပံနည်းမကျ၍ မှတ်ယူလို့လည်းမရနိုင်
ပါ၊ တန်ဆောင်မုန်းလဟာ လောက်သေများပွင့်သောလဖြစ်တယ်၊ ဒေသအခေါ် အမည်တူတွေကြောင့် လောက်သေပင်ဟာ ဘယ်ဟာမှန်းမသိသူတွေ အတွက် ဒီအပင်လေးရဲ့ထူးခြားချက်တွေကို စုစည်းပြီးတင်ပြလိုက်ပါတယ်၊
လောက်သေပင်တွေဟာ ပဲမျိုးရင်း Fabaceae ထဲက Desmodium genus ထဲမှာပါပါတယ်။ အရင်ကDesmodium triquetrum အနေနဲသုံးနှုံးခဲ့ပေမဲ့ အခုအခါမှာကွဲပြားလှတဲ့ Characters များကြောင့်Tadehagi triquetrum အဖြစ်ခေါ်ဝေါ်ခဲ့ပါတယ်။ အပင်က လူတ
ရပ်သာသာမြင့်သော ခြုံပင်ဖြစ်ပါတယ်၊ တခါတရံ ၃ မီတာခန့်မြင့်တတ်ပါတယ်၊ စိုက်ပျိုးပင်မဟုတ်တောထဲမှာအရိုင်းပေါက်တယ်၊ အစုလိုက်တွေ့ရတတ်တယ်၊ လူတွေကတူးယူစိုက်ပျိုးရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာသော ဘယဆေးပင်တပင်ပါ၊
ဒီအပင်မှာထူးခြားချက်လေးတွေ ရှိပါတယ် ၊ အဓိကကပင်စည်ပါ သူ့ရဲ့ ပင်စည် က triquetrous (၃ ထောင့်)ပုံစံပါ၊ ပုံမှာပြတားတဲ့အတိုင်းပါ၊ ပဲမျိုးရင်းတွေမှာ ၃ ထောင့် ပင်စည်ရှိတာ အလွန်ရှားပါတယ်၊ လောက်သေပင်လို့ပြောနေတဲ့ အပင်ရဲ့ပင်စည်ကို ဖြတ်ကြည့်
လို့မှ ၃ ထောင့်မရရင် လောက်သေမဟုတ်ပါဘူး၊
နောက်တခုက အရွက်ပါ ၊ အရွက်ပုံစံက မြင်နေကြ မျိုးနွယ်တူ အရွက်တွေနဲ့မတူပါဘူး၊အချို့စာအုပ်များမှာ ရွက်ထီး (simple leaf) လို့ခေါ်ပြီး အချို့ကတော့ unifoliolate compound ရွက်ပေါင်းလို့ ခေါ်ကြပါတယ်၊ အခြားအရွက်တွေနဲ့မတူကွဲပြားတာကတော့ ရွက်ညှာ
(petiole) ပါဘဲ၊ ရွက်ညှာရဲ့ တဖက်တချက်မှာ အတောင်ပုံစံ wings လေးတွေရှိတယ်၊ အတောင် wing မပါရင် လောက်သေမဟုတ်ပါဘူး၊ ဒါ့ကြောင့် အရွက်ကိုမြင်ရုံနဲ့ ဒီအပင်ဟုတ်မဟုတ်လွယ် ်လွယ်ကူကူပြောနိုင်ပါဘီ။
ပိုပြီးသေခြာစေခြင်ရင် အရွက်ထဲက ဘေးရွက်ကြော (lateral veins) လေးတွေရေတွက်ကြည့်ပါ ၊ အလွန်ထင်ရှားပြီး ၁၈-၂၀ အစုံလောက်ရှိတာတွေ့ရမယ်၊ အရွက်အရင်းဖက်မှာ ရွက်စွယ် (stipules) တွေကလည်း ကြီးမားထင်ရှားလှပါတယ်။
ပန်းခိုင်ကြီးက ထိပ်ဖြား သို့မဟုတ် ကြားကနေထွက်တဲ့ ရေစင်း raceme ဖြစ်တယ်၊ ပန်းခိုင် ပွင့်ကိုင်းကိုဖြတ်ကြည့်ရင်လည်း ၃
ထောင့်ပုံစံသာမြင်ရမှာပါ၊ ပန်းပွင့်တွေက ပန်းရောင်ပါ၊ ပဲပန်းဖြစ်တာမို့ ပဲပွင့်တခုရဲ့ လက္ခဏာအပြည့်အစုံပါတယ်၊ ပွင့်ချပ်အုံ corolla
ရဲ့ ဖွဲ့စည်းပုံက papilionaceous ဖြစ်ပြီး အသွင်မတူသော ပွင့်ချပ် ပုံစံ ၃ မျိုး အရေအတွက်အားဖြင့် ၅ ခုပါပါတယ်၊ အကြီးဆုံးအပြင်ဖက်
ဆုံးက Standard ၊ သူ့အောက်မှာ wings ၂ ခု အတွင်းဖက်ဆုံးမှာ အသေးဆုံး keels ၂ ခုပါကြတယ်၊ ဝတ်ဆံဖို stamens ၁၀ ခုပါပြီး ၂စုစည်း diadelphous ပုံစံဖြစ်တယ်၊
လောက်သေပင်မှန်းသိသာစေတဲ့ နောက်တချက်ကတော့ အသီးပုံစံပါ၊ ပြားသော ပုံစံ strap-shaped ဖြစ်ပြီး အစေ့ တစေ့စီအတွက်
အဆစ်အဆစ် Joints လေးတွေပါနေပါတယ်၊ ဒီလိုပုံစံသီးတာကို Desmodium genus တွေမှာဘဲတွေ့နိုင်ပါတယ်၊ ကျနော်ရေးခဲ့ဖူးသော လောက်မင်း ကလည်း ဒီအမျိုးအနွယ်ပါဘဲ၊ ရင့်မှည့်လာရင် နီညိုရောင်ပြောင်းလာလေ့ရှိတယ်၊
ဘယဆေးတချို့မှာဒီအပင်လေးရဲ့ ရုက္ခအမည်ကို Desmodium triquetrum အဖြစ်ဖေါ်ပြနေတော့ up to date ဖြစ်တဲ့ အမည်ကိုသုံးစေခြင်တဲ့ သဘောနဲ့ပါ၊
ဒီလောက်ဆိုရင် ကိုယ့်အိမ်မှာဘဲဖြစ်ဖြစ် တောထဲမှာဘဲဖြစ်ဖြစ် ဒီအပင်ဟာ လောက်သေပင်လားလို့ တစုံတယောက်က မေးလာခဲ့ရင် တိတိကျကျ ပြောပြနိုင်လောက်ဘီထင်ပါတယ်၊ အိမ်မှာစိုက်ထားမိရင်လည်းမှန်မှန် စီစစ်လို့ရအောင် ပုံလေးတွေကိုတင်ပေးလိုက်ပါ
တယ်၊ ကလေးတက္ကသိုလ် ဝင်းအတွင်း တောထဲက အရိုင်းပေါက် လောက်သေပင်လေးပါ၊
လောက်သေပင်ရဲ့ဆေးဝင်ပုံတွေကများပြားလှပါတယ်။ အရှင်နာဂသိမ်ဆေးကျမ်းထဲက အချို့အချက်များကို ဖော်ပြလိုက်ပါတယ်၊
ကိုသက်နိုင်ဦး ၊ မုံရွာ တက္ကသိုလ်
လောက်သေပင် နှင့် ဆေးဖက်အသုံးဝင်ပုံ
( အာနိသင် )
မြန်မာဆေးကျမ်းများ အလိုအရ လောက်သေရွက်သည် လေ သလိပ် သည်းခြေကိုနိုင်ဧ။် ၊ အသက်ကိုရှည်စေဧ။် ၊ ရောဂါဖြစ်စေသော ပိုးများကို ပယ်တတ်ဧ။် ၊ အဆီကို တိုးပွါးစေဧ။် ၊ အူတို့ကို တွန့် ရှုံ့စေဧ။် ၊ အဖျားရောဂါ နှင့် ထိုရောဂါကြောင့်ဖြစ်သော စိတ်မသက်သာ
မှု၊ လေရောဂါ၊ မြင်းသရိုက်၊ ဖောရောင်ခြင်း၊ ပန်းနာ ချောင်းဆိုး၊ ရေငတ်ခြင်း နှင့် အန်ခြင်းတို့ကို ပျောက်စေနိုင်သည် ။
( ဆေးဖက်အသုံးဝင်ပုံ )
အမြစ် ( ဆီးတွင်သွေးပါသော ရောဂါအတွက် ) အမြစ်ကို ငရုတ်ကောင်း အနည်းငယ်ထည့်ကျိုပြီး ဆီးပြွန်ချောင်းမှ
ထိုပြုတ်ဆေးရည်ကို ဖန်ပြွန်ပိုက် စသည်တို့ဖြင့် သွင်းပေးပါက ပျောက်ကင်းဧ။် ။
အရွက်
( ဝမ်းကိုက်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ ကလေးများသန်ဝမ်းကိုက်ခြင်း ၊ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း ) အတွက်အရွက် မနု မရင့်ကို
ပြုတ်၍ သုပ်စားခြင်း၊ တို့စားခြင်းဖြင့်ပျောက်ကင်းစေပါသည် ။
( ဆီးပူ ဆီးအောင့်ခြင်း နှင့် အရေပြားရောဂါ အတွက် )
အရွက်ကို လက်ဖက်ခြောက်ကဲ့သို့ သောက်သုံးပေးပါ ။
အရွက်ကို အခြားသောဆေးပင်တို့နှင့် ပေါင်းစပ်၍ ဆီးရွှင်ဆေးအဖြစ် ဖော်စပ်သုံးစွဲန်ိုင်သည် ။
ဆီးပူ ဆီးအောင့်၊ ဝမ်းကိုက်၊ သွေးဝမ်းသွား၊ သွေး မြင်းသရိုက်၊ မီးယပ်သွေးလွန်ခြင်းအတွက် ) လောက်သေရွက် နှင့် ထားဝယ်မှိုင်းရွက်ကို ရေနွေးဖြော၍ သုပ်စားပေးပါက ထိုရောဂါတ်ုိ့က်ို ရပ်တန့်စေပါသည် ။
ခေါင်းကိုက်ခြင်း၊ ခေါင်းပူခြင်း၊ ဘောက်ထခြင်း၊ ယားခြင်း၊ သန်းပေါခြင်း အတွက် ) လောက်သေရွက် နှင့်စကားစိမ်းပွင့်ခြောက်တို့ကို
နှမ်းဆီစစ်စစ်နှင့် စိမ်ပြီးခေါင်းလိမ်းဆီ အဖြစ် အသုံးပြုပါက ထိုရောဂါများ ကင်းဝေးပြီး ( ဦးနှောက် ) ကို ကြည်လင်စေပါဧ။် ။
လောက်သေရွက် နှင့် ဆောက်ပြာရွက် နှစ်မျိုးကိုပြုတ်၍ ရေနွေးနွေးဖြင့် မီးဖွားပြီး မိခင်ကိို၎င်း၊ ကလေးကို၎င်းချိုးပေးပါက ( ကျဗဟုံးရောဂါ (သူငယ်နာ ငန်းရောဂါ ) ၊ မွေးကတည်းက ပါလာသော သူငယ်နာမျိုးစုံ ၊ အကြောတက်၊ အကြောကပ်၊ရောဂါနှင့် မိဘကိုယ်မှ ကူး
စက်တတ်သော ရောဂါများ) ကိုကာကွယ်နိုင်ဧ။် ။
လောက်သေရွက်ကို ကိုယ်ပူချွဲထ၊ အညှော်ဝင်၊ ချောင်းဆိုး၊ နှာဆေး၊ နှာပိတ်ရောဂါအတွက် ဆေးဝါးဖော်စပ် သုံးနိုင်ဧ။် ။
လောက်သေရွက်၊ ရေခရာရွက်၊ နနွင်းရိုးရိုး တို့ကို အရွက်ဆတူ အကျွမ်းလှော်၍ နှမ်းဆီနှင့် ဖျော်လိမ်းပါက( ကလေးများ ချက်ကြိုး၊
ချက်တိုင် ကိုက်ခြင်း) ကို ပျောက်ကင်း၍ ချက်ကြ်ုိး ကြွေလွယ်ဧ။် ။
မိခင်များ နို့ချောင်းပိတ်ခြင်း၊ နို့နာ၊ နို့ပျဉ်းထခြင်း အတွက် လိမ်းပေးပါက လျင်မြန်စွာ သက်သာပျောက်ကင်းစေပါဧ။် ။
ကလေးများ အနာစက်၊ ဝဲစို ၊ အိုင်းနာ ) အတွက်လောက်သေရွက် အကျွမ်းလှော်၍ ရေနံချေးစစ်စစ်နှင့် လူးပေးလျှင် ပျောက်ကင်းဧ။် ။
ကျွဲ နွားများ အနာပေါက်၍ လောက်ကောင်များကျခြင်း၊
ငါးပိအိုးတွင် လောက်ကောင်များကျပါက ထိုအရွက်ကိုထောင်း၍ အမှုန့်ဖြူးပေးပါက လောက်သေ၍ အနာ အသားနု တက်စေပါသည် ။
မြန်မာ့ဆေးဝါးပင်များမှ ကူးယူဖော်ပြပါသည်
ကျမ်းကိုး.. အရှင်နာဂသိမ် ပုံပြဆေးအဘိဓာန်