Knowledge

သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင် သိထားသင့်တဲ့ အဖိုးတန် နည်းလမ်း (၄) မျိုး…

တစ်လတာ ဝင်ငွေကို စုမိဖို့နေနေသာသာ လ ကုန် ခါနီးတာ နဲ့ လက် ထဲ ငွေမလောက် တာမျိုး ကြုံကြိူက်ဖူး မှ ာပါ။

ဒါမျိုး မဖြစ်ဖို့ အတွက် ငွေယိုပေါက်တွေ ကို သေ ချ ာ ရှာဖွေပြီး လ စဉ် စုမယ့်ငွေပမာဏကို (အ နည်း အကျဉ်းဖြစ်စေ) သတ် မှတ် သင့်ပါတယ်။

မြင်သမျှ ဝယ် ချင် နေပါက သင် တပြားမှ စု မိ မှာ မဟုတ်ပါဘူး။ ငွေကို စုဆောင်းနိုင်မယ့် နည်းလမ်းတွေကို လေ့လာကြည့်ရအောင်

(1) ၅၀/၃၀/၂၀ နည်း

-ပုံ မှန် ဝင်ငွေ ရှိပေမယ့် ငွေမစုမိသူများ အတွက် ရည်ရွယ် ပါတယ် …။

သင့် တစ်လတာ ဝင်ငွေကို ၃ ပုံခွဲပါ …။

၅၀ ရာနှုန်း ကို လစဉ် ကုန်ကျစရိတ် အတွက် (ထမင်း စရိတ်၊ အိမ် စရိတ်၊ ဘေလ်စသည်) ဖယ်ပါ …။

၃၀ ရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိူ အပ် သောအရာမျာ းအတွက် သုံးစွဲပါ (အ ဝတ် အစား၊ အ သုံး အဆောင်)

၂၀ ရာနှုန်းကို အနာဂတ် အတွက်စုဆောင်းပါ …။

(2) ရိုးစင်းသော နည်း

တအားစစ်စစ်စီစီ မစုချင်သူများ အတွက် ရည်ရွယ်ပါတယ် …။

လ စဉ် ဝင်ငွေကို ၂ပိုင်းခွဲပါ။

တစ်ပိူင်းကိူ မဖြစ်မနေသုံးရမယ့် အရာတွေအတွက် ဖယ်ပါ။ နောက်တစ်ပိုင်းကို သင့် သွားလာလည်ပတ်စရိတ်၊ အပျော်အပါးကိစ္စများ အတွက် ထားပါ။ အပျော်အပါး မက်သူများအတွက် မစုဖြစ်ရင်တောင်မှ လကုန်ထိ ငွေ မပြတ်တော့ဘူးပေါ့ …။

(3) အခြေခံ ဝင်ငွေနည်း

ပုံမှန် ဝင်ငွေမရှိပေမယ့် ငွေစုလိုသူများ အတွက် ရည်ရွယ်ပါတယ် …။

သင့်လစဉ် အနည်းဆုံးရသော ဝင်ငွေကိုတွက်ပါ။ ထို့နောက် ကုန်ကျစရိတ်ကိုတွက်ပါ။ တစ်လအတွက် အနည်းဆုံးဝင်ငွေက၂သိန်းဆိုပါစို့။ အဲ့ထဲကနေ နေ့စဉ်ကုန်ကျစရိတ်ကို စစ်စီစွာ ဖယ်ပြီး ကျန်ငွေကို စုပါ။ အချိန်ကြာရင်စုငွေတွေ များလာပါမယ် …။

(4) တစ်ပတ် တစ်ကြိမ် ထုတ်နည်း

ငွေစုချင်ပေမယ့် လမကုန်ခင်ငွေပြတ်နေတတ်သူတွေအတွက်ပါ …။

သင့်တစ်လတာဝင်ငွေမှ ဘယ်လောက်ကို သုံးချင်လဲ ဘယ်လောက်ကိုစုချင်လဲ ခွဲခြားပါ။ စုမယ့်ငွေကိုဖယ်ထားပါ။ သုံးဖို့ချန်ထားသောငွေကို ၄ပုံခွဲပါ။ တစ်ပတ်ကို၁ပုံစာပဲသုံးပါ။ လစဉ်ဝင်ငွေကို ချိန်ဆပြီး သုံးစွဲပါ …။