ခင်ပွန်းခြေရှုပ်နေလို့ဆိုပြီး ဘုန်းကြီးထံအကူညီသွားတောင်းမိတဲ့ အမျိူးသမီးရဲ့အဖြစ်
အမျိုးသမီးတစ်ဦးဟာ သူ့ခင်ပွန်းသည် ဖောက်ပြန်နေတာကို သိလိုက်ရပါတယ်။
စိတ်ထိခိုက်ပြီး သူ့ဘဝကို ဘယ်လိုရှေ့ဆက်ရမယ်ဆိုတာ မသိတော့တာကြောင့်တောင်တစ်လုံးပေါ်မှာ
သီတင်းသုံးတဲ့ ပညာရှိဘုန်းတော်ကြီးထံကနေ အကြံဉာဏ်ရယူဖို့ ထွက်လာခဲ့ပါတယ်။
လမ်းလျှောက်ခရီး၊ တောင်တက်ခရီးတွေအပါအဝင် ရက်အနည်းငယ်သွားပြီးတဲ့နောက်တောင်ထိပ်မှာ သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီးထံ ရောက်သွားပါတယ်။
တပည့်တော်မရဲ့ဘဝတစ်ခုလုံးမှာ သူ့အတွက်ပဲ အချိန်ပေးခဲ့ပါတယ်။ နုပျူ ိမှုတွေကိုရင်းပြီးသူ့အနားမှာပဲ နေခဲ့တယ်။ သူ့ကို ဂရုစိုက်ပြီးလည်း ပြု စုခဲ့တယ်။
ခုတော့ သူက တပည့်တော်မထက်ငယ်ရွယ်တဲ့သူကို ရွေးသွားပြီ။ တပည့်တော်မမှာ အခု ဘာမှမရှိတော့ဘူး။ဘာဆက်လုပ်ရမှန်းလဲ မသိတော့ဘူး”လို့ ဘုန်းတော်ကြီးကို လျှောက်လိုက်ပါတယ်။
အဲဒီအချိန်မှာပဲ ဘုန်းကြီးက အမျိူးသမီးကို ကွတ်ကီးတစ်ခုစားဖို့ လှမ်းပေးလိုက်ပါတယ်။စားပြီးတဲ့အခါ အမျိုးသမီးကို “အရသာကောင်းလား”လို့ မေးလိုက်ပါတယ်။
အမျိုးသမီးက “တင်ပါ့.. ကောင်းပါတယ်ဘုရား”လို့ ဖြေတဲ့အခါ “နောက်တစ်ခုယူဦးမလား”လို့မေးလိုက်တဲ့အခါ “ယူပါ့မယ်.. ဘုရား”လို့ အဖြေရလိုက်ပါတယ်။
အဲဒီအခါ ဘုန်းတော်ကြီးက အမျိူးသမီးရဲ့မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်ပြီး “အခု..ဒကာမ ကိုယ်တိုင် ကြုံနေရတဲ့ ပြဿ နာကို မြင်ပြီလား”လို့ မေးလိုက်ပါတယ်။
အမျိူးသမီးဟာ တစ်အောင့်ကြာစဉ်းစားလိုက်ပြီး “တင်ပါ့.. လူသားတွေရဲ့သဘာဝဟာလောဘကြီးတယ်၊ တစ်ခုရပြီဆိုတာနဲ့ နောက်တစ်ခု လိုချင်လာပြန်ရော၊
အင်း.. ပြီးတော့နောက်ထပ်အသစ်တစ်ခု၊ ပိုကြီးတာလေး ထပ်လိုချင်ပြန်ရော။လောဘက ဘယ်တော့မှ မရပ်တော့ဘူး။
ပြီးတော့ ဘယ်အရာကမှ မမြဲဘူး၊ ထာဝရမဟုတ်ဘူးဆိုတာ သိပါပြီ.. ဘုရား။ဒါကို တပည့်တော်တို့ သတိမူရမယ်၊ ပြီးတော့ ဆုံးရှုံးမှုကိုလည်း ကြံ့ကြံ့ခံနိုင်ရမယ်”လို့ တဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။
အဲဒီအခါ ဘုန်းတော်ကြီးက ခေါင်းကိုယမ်းလိုက်ပြီး “မဟုတ်ဘူး.. ဒကာမ။ ဘုန်းကြီးဆိုလိုတာက ဒကာမက သိပ်ဝနေတယ်။ဒါကြောင့် အစားကို လျော့စားသင့်တယ်”လို့ ပြောလိုက်ပါတယ်။
ရယ်မောခြင်းဖြင့် ဘဝအမောတွေပြေကြပါစေ…