Knowledge


ညကြီးမိုးချုပ်မှာ မျက်နှာလဲမကောင်း ဓာတ်မီးလေးကိုင်ပြီး ထိုင်နေတဲ့အဖိုးကိုတွေ့လို့ မေး

ကြည့်လိုက်တဲ့အခါ..

ရင်နာလိုက်တာ အဘိုးရယ်

ခုချိန်ထိ မချရသေးတဲ့ သမီးအလောင်းကို ကားနဲ့ သွားချမှာ အိမ်ရှေ့ကဖြတ်သွားမှာမို့ ဓာတ်မီးလေးနဲ့ ထိုင်စောင့်နေတာတဲ့လေ

မမြင်ရတာ ရက်ဆယ်ချီနေတဲ့ သမီးကို နေကောင်းမှသွားတွေ့မလို့ဆို ခုကျ ဆုံးတာလေးတောင် အနားနား မရှိပေးနိုင်လိုက်ဘူး

နောက်ဆုံးအချိန်လေးတောင် ဆုံးသွားတဲ့ သမီးမျက်နှာလေး မမြင်လိုက်ရ

ငါ့သမီးနောက်ဆုံးခရီးကို အဝေးကနေပဲ ငေးကြည့်မလို့တဲ့လေ

လောဘသားအချို့ကြောင့်သာ မဟုတ်ခဲ့ရင် ကျွန်တော်တို့ ချစ်ရတဲ့သူတေကို မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရမှာမဟုတ်ဘူး

ခုတော့.

သွားချပါပီ

မွေးထားတဲ့ထဲ သမီးလေးတစ်ယောက်ပဲပါလို့ တုန်နေအောင်ချစ်ရတာတဲ့

အခုတော့ အဘိုးသမီးကို အခေါင်းမပါပဲ ဖျာကြီးနဲ့ ပဲ ပတ်ချလိုက်ရတာ အဘိုးသိမှာစိုးလို့ ပြောမထွက်ဘူး