အသက် ၂၄ နှစ်ပြည့်ပြီးနောက်ပိုင်းမှာ လုံးဝ မလုပ်သင့်တော့တဲ့ အရာများ
သင်ဟာ ၁၉၉၅ ခုနှစ်မှာ မွေးသူတစ်ဦးဆိုရင် ဒီနှစ်ထဲမှာ ၂၅ နှစ်ပြည့်မှာဖြစ်ပြီး
၉၅ အောက်မွေးသူတွေကတော့ ၂၅ ကျော်သွားပါပြီ။ဒီအရွယ်ဟာ လူငယ်လည်းမဟုတ်တော့သလို
လူကြီးလည်းမဟုတ်ပေမယ့် လူလတ်ပိုင်းအရွယ်အစ ဖြစ်တာမို့ နေထိုင်မှုပုံစံမှာ ပြုပြင်ပြောင်းလဲမှုလေး အနည်းငယ် လိုအပ်လာပါပြီ
၁ – ဈေးပေါပေါအင်္ကျီတွေမဝယ်နဲ့တော့
ဒီအရွယ်မှာ အများအားဖြင့် ဝင်ငွေရှာနိုင်တဲ့ အရွယ်အပိုင်းအခြား ဖြစ်နေပြီဖြစ်သလို
ငယ်ငယ်တုန်းကလို ဈေးနည်းနည်းနဲ့ အထည်များများ ဝယ်တာမျိုး မလုပ်သင့်တော့ပါဘူး
သင့်ရဲ့အလုပ်အကိုင်၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်ညီတဲ့
အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်သင့်သလို ခပ်ပေါပေါ အဝတ်အစားမျိုးထက်
ဈေးနှုန်းသင့်တင့်ပြီး ဝတ်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုရှိတဲ့ ပုံစံမျိုးကို ဝတ်ဆင်သင့်ပါတယ်
၂ – ရည်းစားမရှုပ်နဲ့တော့
ဘဝအတွက် အတည်တကျ ရွေးချယ်သင့်တဲ့ အရွယ်တစ်ခု ရောက်နေပြီမို့
ငယ်ငယ်တုန်းကလို အပျော်ရည်းစားထားတာမျိုးကို ဒီအချိန်မှာ ရှောင်ရှားသင့်ပါပြီ
သင်နဲ့ အမူအကျင့်ခြင်း လိုက်ဖက်ညီမယ့်၊ သင်ကိုချစ်တဲ့၊ သင်ကလည်းချစ်တဲ့
ဘဝလက်တွဲဖော်တစ်ဦးကို နှလုံးသားနဲ့ ဦးနှောက်တို့ ပူးပေါင်းပြီး ရွေးချယ်သင့်တဲ့အချိန်ပါ
၃ – သူများတွေရဲ့ထင်မြင်ချက်တွေကို ဂရုမစိုက်နဲ့တော့
ငယ်ငယ်တုန်းကတော့ မိဘကခွင့်မပြုလို့ မလုပ်ရဘူး
ပတ်ဝန်းကျင်က ဒီလိုမြင်မှာဆိုးလို့ မလုပ်ဖြစ်ဘူး
ဟိုလူတွေက ဟိုလိုများပြောမလား၊ ဒီလိုများပြောမလားဆိုပြီး သူများရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက်ပါနဲ့တော့
သင့်မှာလည်း ထိုက်သင့်တဲ့ အသိဉာဏ်၊ အတွေးအခေါ်ရှိနေပြီမို့
သင့်ရဲ့လုပ်ကိုင်ပုံ ကောင်းခြင်း၊ ဆိုးခြင်းကို သင်ကိုယ်တိုင် အမှားအမှန်ခွဲခြားနေနိုင်ပါပြီ
၎ – မိဘတွေကို အပြစ်မတင်နဲ့တော့
ဟုတ်ပါတယ်။ ဘယ်သူမှတော့ အရာရာပြီးပြည့်စုံတယ်ရယ်လို့ မရှိပါဘူး
ဆင်းဆင်းရဲရဲမွေးလာရတဲ့ သင့်အပြစ်မဟုတ်ပါဘူး။ ဆင်းဆင်းရဲရဲသေသွားရရင်သာ သင့်အပြစ်ပါ
သင်မိဘတွေက သင့်အပေါ် မဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အချို့သော ကိစ္စရပ်တွေအတွက် သူတို့ကို ဗွေမယူပါနဲ့
သင့်သားသမီးတွေလက်ထက်မှာ သင်ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပါ
၅ – ငွေတွေမဖြုန်းနဲ့တော့။
လူငယ်ဘဝမှာတော့ ငွေတန်ဖိုးမသိသေးလို့ မလိုအပ်တဲ့ အပိုတွေကို သုံးဖြုန်းပစ်မိခဲ့ပေမယ့်
၂၄ ဆိုတဲ့ ဒီအရွယ်နောက်ပိုင်းမှာတော့ ငွေစုချိန်ရောက်ပြီ ဖြစ်ပါတယ်
သင့်ဘဝတိုးတက်ရေးအတွက် ငွေကို မလိုအပ်ပဲ မဖြုန်းပစ်သင့်သလို
စုနေယုံနဲ့လည်း မပြီးပဲ တိုးပွားအောင် ကြံဆောင်နိုင်ရမယ့် အရွယ်ပါ
ပညာကိုရှာပြီးချိန်မို့ အချိန်တွေကို ဥစ္စာအတွက် ရင်းနှီးမြှုပ်နှံပါ။
၆ – အင်တာနက်မှာပဲ အချိန်တွေအကြာကြီး မဖြုန်းနဲ့တော့။
ယနေ့ခေတ်မှာ လူငယ်တွေဟာ အင်တာနက် လူမှုကွန်ယက်တွေကို
ပိုမိုစွဲလမ်းလာကြပြီး အဲ့ဒီအပေါ်မှာပဲ အလကားအချိန်တွေ ကုန်နေတတ်ကြပါတယ်
၂၄ နှစ်နောက်ပိုင်းမှာတော့ ဒီအပြုအမူတွေကို အတတ်နိုင်ဆုံး လျှော့ချထားလိုက်ပါ
အင်တာနက်သုံးတယ်ဆိုရင်လည်း လူမှုကွန်ယက် တစ်ခုထဲသာ အဓိကမထားပဲ
သင့်ရဲ့ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေးဆိုင်ရာတွေအတွက် အချိန်အနည်းငယ်တော့ အသုံးချထားသင့်ပါတယ်
၇ – လူတိုင်းအပေါ် အရမ်းမကောင်းနဲ့တော့
စေတနာသည် လူတိုင်းနဲ့မတန်ဆိုတာ ဒီအရွယ်မှာ သဘောပေါက်သင့်သလောက် ပေါက်ပြီးသား ဖြစ်မှာပါ
လူတိုင်းအပေါ် အရမ်းမကောင်းပါနဲ့ ဒါဟာစိတ်ယုတ်မွေးဖို့ကို ဆိုလိုတာမဟုတ်ပဲ
လှိုက်လှိုက်လှဲလှဲ ပစ်ယုံလိုက်တာမျိုးကို ရှောင်ရှားတတ်ဖို့ ဆိုလိုတာပါ
အားနာလို့ ခါးပါရတဲ့ ကိစ္စမျိုးကို ပရိယာယ်နဲ့ ရှောင်ပါ