ငါးအရိုးမျက်လျှင် အတော်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။
တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင် ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်
အဲဒါကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူပြုလုပ်နိုင်မယ့် အိမ်တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်ကိုယ်နဲ့အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ်
(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ ခေတ္တမျျ ငုံထားပါ။
အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို တိုက်စားသွားပေလိမ့်မည်။
(၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ် အဆင်ပြေပါသည်။
(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည် အချွဲများနှင့်အတူ ကျသွားမည်။
(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်း ပျောက်ကင်းသွားလိမ့်မည်။
(၅) ဇီးဖြူသီးကို အလုံးလိုက် ၀ါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်။
(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်
(၇) သံလွင်ဆီအနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်။
(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၄င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်။
(၉) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်။
သတိပြုရန် – ငါးရိုးမျက်နေစဉ် လည်ချောင်းအပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်ပါနှင့်။ သင့်ပတ်ဝန်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများအတွက် ဒီ Post လေးကို မျှဝေပေးနိုင်ကြပါတယ်။ အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းနိုင်ကြပါစေ။