Knowledge


ဒီအချက်တွေသိထားရင် ပိုက်ဆံရှာဖို့ မခဲယဉ်းတော့ဘူး

ဘာအလုပ် စလုပ်လုပ် အိမ်မက်ရှိရမယ်။ တော်တော်များများက အိမ်မက်ကို ဝင်ငွေအပေါ် မူတည်ပြီး မက်ကြတယ်။ တချို့က အိမ်မက်ကို မရှိကြဘူး။

အတွေးကို ပြောင်းပြန်တွေးလိုက်ပါ။ ဝင်ငွေအပေါ် မူတည်ပြီး အိမ်မက် မမက်ဘဲ

အိမ်မက်အပေါ်မူတည်ပြီး ဝင်ငွေများအောင် လုပ်ရမယ်။ နောက်တခုက အိမ်မက်ပဲရှိလို့မရဘူး။ ပြင်းပြတဲ့စိတ်ဆန္ဒရှိပါစေ။

၁။ ကိုယ့်ပန်းတိုင်ကို စဉ်းစားလိုက်တိုင်း ပျော်ရွှင်ပါစေဒါမှလည်း ပိုလုပ်ချင်စိတ်များပြီး satisfied ဖြစ်ပါလိမ့်မယ်။

၂။ မအောင်မြင်တဲ့သူတွေရဲ့ ဘေးမှာ အိမ်မက်သူခိုးတွေ ရှိနေတတ်ပါတယ်တခုခုလုပ်တော့မယ်ဆို ဘေးကနေ ဒါကတော့မဖြစ်နိုင်ဘူး ၊ မင်းမလုပ်နိုင်ဘူးဆိုပြီးပြောတဲ့ အိမ်မက်သူခိုးတွေ ရှိနေတတ်ပါတယ်။

ဆန့်ကျင်ဘက် အောင်မြင်တဲ့သူတွေ ဘေးမှာတော့ အိမ်မက်ကို အမြဲ အားပေးတဲ့ ကူညီတဲ့ အပြု့သဘောဆောင်တဲ့သူတွေ ရှိနေတတ်တယ်။ ဒါကြောင့် အိမ်မက်သူခိုးတွေ အနားမှာ မရှိပါစေနဲ့။ မပတ်သက်မိပါစေနဲ့။

၃။ အကောင်းမြင်စကားများများပြောပါကိုယ်ပြောတဲ့စကားက ကိုယ့်ကိုဆုံးဖြတ်ပေးပါတယ်။ ဒီနေ့တော့ကံမကောင်းဘူးကွာ။ ဒီနေ့အဆူခံရပြန်ပြီ။

အဆင်မပြေလိုက်တာကွာ မိတ်ဆွေရော? ဘယ်လိုငြီးတတ်လဲ? အောင်မြင်တဲ့သူတွေက အပြုသဘော ဆောင်တဲ့ စကားပဲပြောတယ်။

ဘာလို့လဲဆိုတော့ စကားလုံးတွေမှာ စွမ်းအားတွေရှိလို့ပါ။ တစုံတယောက်က အဆင်ပြေလားမေးရင် အကောင်းဆုံး အဆင်ပြေပါတယ်။ အခြေအနေကောင်းပါတယ် အစရှိတာတွေပဲ ဖြေပါ။

၄။ ဖြစ်ချင်တာကို ခဏခဏစဉ်းစားပါကိုယ့်အိမ်မက်အကြောင်းကို ကိုယ့်ဟာကို ပြန် remind လုပ်ပါ။ စဉ်းစားတိုင်းလည်းပျော်ရွှင်ပါစေ။

၅။ စာအုပ်တွေဖတ်ပါနောက်တခုက facebook ပေါ်က အဆိုးမြင်စာတွေကို လုံးဝမဖတ်ပါနဲ့။ သရောစာတွေ၊ ပျက်လုံးတွေ၊ negative စာပေတွေကို ရှောင်ပါ။

အဆိုးတွေဖတ်ပြီး အဆိုးတွေ တွေးရင် အဆိုးတွေရပါလိမ့်မယ်။ အတွေးအခေါ်တွေ မှန်အောင်တွေးပါ။ မှားနေရင် ဘယ်လိုပြင်မလဲ? စာဖတ်ပါ။ စိတ်ဓာတ်ခွန်အား ရမဲ့စာတွေ များများဖတ်ပါ။

၆။ ပညာပေး video file တွေ ၊ စာပေဟောပြောပွဲ ခွေတွေ တနေ့တခု ကြည့်ပါအကောင်းတွေသာ ပတ်ဝန်းကျင်မှာ ဝန်းရံနေပါစေ။

၇။ Seminar တွေ၊ ဟောပြောပွဲတွေ ခဏခဏ တက်ရောက်ပါအဲ့လို တက်ရောက်ခြင်းဖြင့် အကောင်းမြင်စိတ်လေး၊ ကောင်းတဲ့အတွေးလေး ရရှိနိုင်ပါမယ်။

အဲ့လိုပတ်ဝန်းကျင် ရဲ့ အကောင်းမြင်မူ ရိုက်ခတ်တဲ့ ကြိမ်နှုန်းက အရမ်းများရင် တနေ့တာလုပ်ရှားနေတဲ့ စိတ်အတွေးအခေါ် ကြိမ်နှုန်းတွေပါ လိုက်ပြီး ပြောင်းလဲသွားပါလိမ့်မယ်။

၈။ သူများအောင်မြင်မှုကို ချီးကျူးပါကိုယ့်ချီးကျူးသံကြောင့် သူတို့မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ပိုကြိုးစားလာနိုင်ပါတယ်။

ဒါကြောင့် အောင်မြင်သူတယောက်ကို တွေ့တာနဲ့ ဝမ်းမြှောက်ဝမ်းသာ အသိအမှတ်ပြုပေးဖို့လိုပါတယ်။ ကိုယ်ရဲ့ အသိအမှတ်ပြုတဲ့ တုန်ခါမှုလှိုင်းက အခြားတယောက်ဆီ ကူးစက်သွားနိုင်ပါတယ်။

ကူးစက်သွားတဲ့သူလည်း အကောင်းမြင်လှိုင်းရသလို ပို့လွှတ်လိုက်တဲ့ သူကိုယ်တိုင်လည်း အဲအတိုင်း ပြန်လည်ရရှိပါတယ်။ အမြင့်ကို ဆွဲခေါ်မဲ့ သူငယ်ချင်းမျိုး လိုပါတယ်။

၉။ စိတ်ဓာတ်အဆင့်အတန်းမြင့်သူ၊ ဝင်ငွေမြင့်မားသူ ၊ အိမ်မက်ကြီးသူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့လိုပါတယ်။

ကိုယ့်ကို ကိုယ်ရဲ့ အိမ်မက်တွေကို ခင်ဗျား လုပ်နိုင်မယ် လို့ ပြောတဲ့ သူငယ်ချင်းတွေ မိမိလိုပဲ အိမ်မက်ကြီးတဲ့ မိတ်ဆွေ အနားပဲနေပါ။

ကဲသင်လည်း လွတ်လပ်စွာ အိမ်မက်ကြီးကြီးမက်ပြီး အကောင်အထည် ချက်ချင်းဖော်နိုင်ပါစေ။ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှဝေဖို့မမေ့နဲ့နော်…။