နွေရာသီစျေးကောင်းရတဲ့သံပုရာသီး အသီးများများတင်အောင်ပြုလုပ်နည်း
နည်းလမ်း ( ၁) သံပရာပင်အားရေဖြတ်တောက်သည့်နည်း နည်းစနစ်နည်းလမ်း ( ၂ ) အခေါက်ခွာနည်း။
ပထမနည်းဖြစ်တဲ့နည်းလမ်း(၁) ကတော့ သံပုရာပင်ကိုပန်းအိုး( သို့မဟုတ်)
ကျောက်ခွေနဲ့ စိုက်ပျိုးထားတဲ့ သံပုရာပင်ကို ရေအဝလောင်းပြီး တပါတ်ကျေ ာ်နှစ်ပါတ်လောက်ထိအောင် ရေမလောင်းဘဲနဲ့ ရေဖြတ်ထားရပါ့မယ် ။
၄င်းနောက် ရေဖြတ်ထားသောအပင်ကို နေရောင်ခြည်မပေါက်သော ကျွတ်ကျွတ်အိတ်အမဲဖြင့် သံပုရာအိုး သို့မဟုတ် ကျောက်ခွေအိုးကို အလုံအုပ်ပေးထားရပါမယ်။
ကိုင်းဖျားတွေဆခြာက်သွေ့ပြီး အရွက်များလိပ်သွားပါလိမ့်မယ်။ ထိုသို့ဖြစ်သွားပြီဆိုမှ အုပ်ထားသာပလပ်စတစ် အနက်စကိုပြန်လည်ဖွင့်ပေးပြီး ခြောက်သွေ့နေသော အကိုင်းဖျားများကို နှစ်လက်မ ကနေ ရှစ်လက်မလောက်ထိ ဖြတ်တောက်ပေးရပါ့မယ်။
ထိုသို့ပြုလုပ်ပြီးသည့်အချိန်မှစတင်၍ ၁၂:၂၄:၁၂ အချိုးရှိသော မြေသြဇာကို ထည့်သွင်းပြီးသကာလ ရေအဝတိုက်ပါ့မယ်။
အသီးအပွင့်တင်စေသော ဟော်မုန်းပါသည့် ဆေးရည်များဖြန်းပေးရပါ့မယ်။၁၂:၂၄:၁၂ အချိုးရှိသော မြေသြဇာဝယ်ယူလို့မရရှိပါက နွားချေး တပြည်သားခန့်နှင့ အရွက်ခြောက်( သစ်ရွက်ဆွေး) သုံးပြည်သားခန့်ကို ရောမွှေပြီးအပင်ခြေတွင်အုပ်ပေးကာရေတိုက် ဟော်မုန်းဆေး(အသီး/အပွင့်အတွက်) ဖြန်းပေးရပါ့မယ်။
ဒီပထနည်းကတော့ နွေရာသီမှာ သံပုရာသီးအသီးများပြွတ်သိပ်သီးပြီး စျေးကောင်းရတဲ့အချိန်မှာ အသီးသီးစေနိုင်ဖို့ ဆောင်ရွက်တဲ့ပထမနည်းလမ်းပါခင်ဗျ။
ဒုတိယနည်းလမ်း(၂)ကတော့ သံပုရာပင်ကို အခေါက်ခွာတဲ့နည်းလမ်းဘဲဖြစ်ပါတယ်။ ဒီလိုအခေါက်ခွာတဲ့နေရာမှာ ဓါးဒဏ်ရာများမွှစာကျဲပြီး နှစ်ချက်သုံးချက်ဖြစ်မနေဖို့လိုအပ်ပါတယ်။
ဓါးဒဏ်ရာတွေမွှစာကျဲပြီး သုံးလေးနေရာဖြစ်နေခဲ့ရင်တော့ အပင်ကသေသွားမှာဖြစ်ပါတယ်။ကိုင်းကူးတဲ့နည်းစနစ်များအတိုင်း အပင်ရင်း မြေပေါ်က နေခြောက်လက်မလောက်ကနေ အပင်ပါတ်လည်ကို နှစ်လက်မလောက် ပါတ်လည်ကို အခေါက်ခွာပေးရမှာဖြစ်ပါတယ်။
ဓါးထက်ထက်ဖြင့် ဒဏ်ရာတစ်ခုတည်းဖြစ်အောင် စနစ်တကျခွာပေးရပါမယ်။ ဒီလို အခေါက်ခွာပြီးသည်နှင့် အစာနှင့်ရေ အသီးအပွင့်ဟော်မုန်းဆေး ပုံမှန်အတိုင်း တိုက်ကျွေးသွားမယ်ဆိုရင် နွေရာသီမှာ သံပုရာသီး အသီးများပြွတ်သိပ်ေနအောင် ရရှိမှာဖြစ်ပါတယ်။
သံပုရာသီးပင် မသီးလို့ စိတ်ညစ်နေတာလား ပိုးတွေကျမှာစိုးရိမ်နေတာလားလွယ်လွယ်လေးပါ။သံပုရာသီး အပင်ခြေ နမ်းဖတ် ပုတ်စိမ်ပြီးဖြန်းလိုက်ပါ ။ နောက် ကြက်ဥဟောမုန်းလေးတစ်ပါတ်တစ်ကြိမ်ဖြန်းပေးပါ။
အသီးတွေကောင်းကောင်းသီးလာမယ်။ကွကျဥ ၄ လုံးနို့ချဉ် ၁ ဇွန်းသကြားညို ၁ ဇွန်းဗူးအလွတ် ၁ ဗူး (ထည့်ရန်)အားလုံးရောစပ်ပြီးလျင် နေမပြရပါဘူး၊ နေရောင်မရှိတဲ့အရိပ်အောက်မှာပဲ ၃ ရက်ထားပြီးလျင် အ၃ပြုနိုင်ပါပြီ။
ကြက်ဥဟော်မုန် ၁ ဇွန်း ကိုရေ ၂၀ လီတာဖြင့် အပင်နဲ့အရွက်တွေကို ဖျန်းပက်နိုင်ပါပြီ။