Health Care

ကျန်းမာရေး ဗဟုသုတ ကိုယ်ခံအားကိုမြင့်တက်စေတဲ့ ကြက်သွန်နီ သံပုရာဆမ်း

အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်းတစ်မျိုးကို ကျန်းမာရေးသတင်းများစာမျက်နှာမှ မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ ကြက်သွန်နီသံပုရာဆမ်း ဖြစ်ပါတယ်

(၁) ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ

(၂) ပုံထဲကအတိုင်း အကွင်းလိုက် လှီးထားပါ။ ရေမဆေးပါနဲ့

(၃) ကြက်သွန်နီပေါ်ကို သံပုရာသီးညှစ်ထည့်ပါ

(၄) ချိုတဲ့အရသာပေါ်လာပါမည်။ မွန်တဲ့အနံ့များ ပျောက်သွားမည်

(၅) ၄င်းကြက်သွန်နီသံပုရာဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့်သော်၄င်း၊ အခြားအစားအစာများနှင့်သော်၄င်း တွဲစားနိုင်ပါသည်

ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။

ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်

ကြက်သွန်နီစားပြီး ပါးစပ်မနံအောင် မြေပဲဆန် ၃ စေ့ခန့် ဝါးစားပါ။ ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။
ကြက်သွန်နီသံပုရာဆမ်းကို စားသုံးပေးခြင်းဖြင့်

(၁) ကိုယ်ခံအားကို မြင့်တက်စေမည်

(၂)လေထဲတွင်ကူးစက်နိုင်သော တုပ်ကွေးစသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်

(၃) ပိုးမွှားများကို သေစေနိုင်ပါသည်

(၄) ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်

(၅) ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်

(၆) အိမ်ထောင်သည်များအတွက် ခွန်အားကို တိုးပွါးစေပါသည်

(၇) ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်

(၈) ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်
ရိုးရှင်းလွယ်ကူသော ကြက်သွန်နီသံပုရာဆမ်းနည်းကို အလွယ်တကူ ပြုလုပ်၍ စားသုံးခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်းနိုင်ကြပါစေ