News

ယနေ့ တနင်္လာနေ့(၂.၁၀.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

အောက်တိုဘာ ၂ ၊ ၂၀၂၃ (တနင်္လာနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3275 – 3330
ဥရောပယူရို 3435 – 3515

ဗြိတိသျှစတာလင်ပေါင် 4050 – 4130
သြစတြေးလျဒေါ်လာ 2125 – 2165

ဂျပန်ယန်း 22.00 – 22.40

တောင်ကိုရီးယားဝမ် 2.45 – 2.50
အိန္ဒိယရူပီး 39.50 – 40.30
စင်ကာပူဒေါ်လာ 2370 – 2430

မလေးရှားရင်းဂစ် 700 – 710
တရုတ်ယွမ် 440 – 465
ထိုင်းဘတ် 89.70 – 91.40

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3400,000 – 3410,000 ကျပ်ခန့် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3197,000 ကျပ်ခန့် ရှိနေသည်

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပအခေါက်ရွှေဈေးသည် 3430,000 – 3435,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ရွှေဈေးသည် အမြင့်ဆုံး ကျပ် 39 သိန်းကျော်အထိ ရောက်ခဲ့ပြီးနောက် ယခု ကျပ် 35 သိန်းအောက် ပြန်ကျလာသော်လည်း ကျပ် 34 သိန်းအောက် ထပ်မဆင်းဘဲ တင်းခံနေသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ရည်ညွှန်းရွှေဈေးမှာ 2171,200 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 1843 ဒေါ်လာခန့် ဖြစ်သည်။ ကမ္ဘာ့ရွှေဈေး ၆ လကျော်အတွင်း အနိမ့်ဆုံး ဖြစ်နေသည်။