ဆယ်လီတွေ အသုံးပြုနေကြတဲ့ (၅) မိနစ်အတွင်း ဂျိုင်းမဲပျောက်နည်း
အခုပြောပြပေးမယ့် Celebrity တွေအသုံးပြုနေကြတဲ့ ဂျိုင်းမဲတာ အမြန်ပျောက် နည်းမှာ ပါဝင်ပစ္စည်းအများကြီးပါတယ် ထင်နေရင်တော့ သင်မှား သွားပါပြီ။
သူတို့လည်းဈေးကြီးတဲ့ အလှ ကုန်ပစ္စည်းတွေကို အသုံးပြု ကြတာ ပါပဲ။
ဒါပေမယ့် သဘာဝပစ္စည်းတွေရဲ့အစွမ်းကို သိပြီးတဲ့နောက်ပိုင်း မှာတော့ ဒီနည်းလမ်းမှ ဒီနည်းလမ်းဖြစ် သွားကြတာပါပဲ။
၁။ သံပရာသီး
သံပရာသီးက ချေးချွတ် တဲ့နေရာမှာ အကောင်းဆုံး အသီးပါပဲ။ နနွင်းမှုန့် (၂) ဇွန်း၊ ပျားရည် (၁) ဇွန်း၊ ဒိန်ချဉ် (၁) ဇွန်းနဲ့ သံပရာရည် တို့ကိုရောမွှေပြီး ဂျိုင်းမှာ သုတ်လိမ်းပေးလိုက်ပါ။
(၁၀) မိနစ်လောက်ထားပြီးရင်တော့ အဝတ်လေးနဲ့ သုတ်လိုက် ပါ။ ပြီးမှရေဆေးချေ ပးပါ။
၂။ အာလူး
အသားအရေပါး လွန်းတာကြောင့် သံပရာသီးသုံးလို့အဆင်မပြေရင် အာလူးနဲ့ချေးချွတ်လို့ရပါသေးတယ်။
အားလူရည်ကို ဂွမ်းလေးနဲ့ ဆွတ်ယူပြီး ဂျိုင်းမှ ာရွှဲနေအောင် သုတ်ပေးပါ။
(၁၀) မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။ ရလဒ်မြန်မြန်တွေ့ချင်ရင်တော့ တစ်နေ့ (၂) ကြိမ်နဲ့ (၇) ရက်ဆက်တိုက်ပြုလုပ်ပေးပါ။
၃။ သခြားသီး
သံပရာသီးနဲ့ပေါင်းပြီးသွားရင်တော့ သခွားသီးနဲ့ထပ်ပွတ်ပေးပါ။ လွယ် ပါတယ်။
လှီးထားတဲ့သခွားသီးတွေကို ဂျိုင်းမှာပွတ်ပေးပါ။
စိတ်ကြိုက် ပွတ်ပေးပြီးရင် ခဏခြောက်အောင် ထားလိုက်ပါ။
ပြီးမှရေဆေးချ လိုက်ပါ။ ရက်အနည်းငယ်လောက် ကြာရင် သိသာ လာပါ လိမ့်မယ်။