ကြက်သွန်ဖြူကို အစိမ်းလိုက်စားတတ်ရင် ဒီအချက်လေးတွေတော့ သိထားသင့်ပါတယ်
ကဲ.. ပရိတ်သတ်ကြီးရေ…. ကြက်သွန်ဖြူ ကိုတော့ လူတိုင်း သိပြီးသားပါ။ ကြက်သွန်ဖြူက ကျန်းမာရေးနှင့် ညီညွတ်တဲ့ အတွက် နေရာတိုင်းမှာ အသုံး များကြပါတယ်။
ရောဂါတွေ ကုသဖို့ အတွက်လည်း
အသုံးဝင်တဲ့ ရိုးရာ ဆေးညွန်းလေး ဆိုလည်း မမှားပါဘူး။ ကြက်သွန်ဖြူကို သွေးတိုးခြင်း၊ နှလုံးရောဂါ၊ ကိုယ်လက်စထရော သွေးကြောကျဉ်းခြင်း၊ သွေး စီးဆင်းမှု လျော့နည်းခြင်းတွေကို
သက်သာစေရန် အတွက် အသုံးပြုခဲ့ကြ ပါတယ် ။ အခု ဖော်ပြပေးမှာကတော့ ကြက်သွန်ဖြူကို မစားသင့်တဲ့ သူတွေအကြောင်းကို တင်ပြ သွားမှာ ဖြစ်ပါတယ်။
ဘယ်လို လူတွေက မစားသင့်ဘူး ဆိုပေမယ့်လည်း… လုံးဝ ရှောင့်သင့်တာတော့ မဟုတ်ပါဘူး။ ဆေးဝါး အဖြစ် မှီဝဲလို့ ရပါတယ်။ သို့ပေမဲ့ အစိမ်းလိုက် ဝါးစား ခြင်းမျိုးကို ရှောင်ကျင် သင့်ပါတယ်။
ကြက်သွန်ဖြူကို ဒီအတိုင်း အစိမ်း လိုက်ဝါးစားခြင်းက သွေးတိုး ကျစေတဲ့ အတွက် သွေးဖိအားနည်း သူတွေ အနေနဲ့ ကြက်သွန်ဖြူကို အစိမ်းလိုက် စားခြင်းကို ရှောင်ကျင်ကြပါ
ကိုယ်ဆီမှာ ဆေးဝါး တစ်ခုခုကို ကြာရှည်စွာ မှီဝဲနေရတဲ့ သူဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ကြက်သွန်ဖြူကို စားသင့်ပါတယ်လို့ ထင်ပါတယ်။ အသည်းနှင့် သက်ဆိုင်တဲ့ ဝေဒနာတစ်ခုခု
ခံစားနေရရင် ကြက်သွန်ဖြူ မစားသင့်ပါဘူး။ အစာ အိမ်ဝေဒနာ ခံစားနေရတဲ့ သူတွေအနေနဲ့ ကြက်သွန်ဖြူကို အစိမ်းစားခြင်းမှ ရှောင်ကျင်ကြပါ။ ထို့နောက် ကိုယ်ဝန် ဆောင်နေတဲ့ အချိန်မှာ
ကြက်သွန်ဖြူ ကို အစိမ်းလိုက် မစားသင့်ပါဘူး။ ကျွန်တော်တို့ မျှဝေပေးလိုက်တဲ့ စားသားလေးတွေမှာ မှတ်သားစရာ တစ်ခုခု ပါမယ်ဆိုရင် အလွန် ဝမ်းမြောက် ပီတိ ဖြစ်မိပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်