Knowledge


ဝါယာရှော့ အန္တရာယ် အတွက် ၃ မိနစ် စာ သတိပေးချက်

ဝါယာရှော့ မီးဘေး ကာကွယ်နည်း။ အချိန်သုံး မိနစ်ဖြင့် မဖြစ်မနေ ဖတ်ရှု ပေးကြပါ။

မြန်မာနိုင်ငံ အနှံအပြားတွင် မီးလောင်းခြင်းများ လေ့လာကြည့်ရာ ဝါယာရှော့စ် ကြောင့် အများဆုံးဖြစ်နေပါသည်။

ဘာကြောင့် ဝါယာရှော့စ် ဖြစ်ရပါသလဲ ကျွန်တော် အတွေ့ကြုံနှင့် သိသလောက် ရှင်းပြပါမည်။

တိုးတက် လာသော လူနေမှု အဆင်တန်း များ ၏ အဓိက သော့ချက် တစ်ခုဖြစ်သော အိမ်တွင်း လျှပ်စစ် အသုံးဆောင် ပစ္စည်းများ များပြားစွာ ယခု ငါးနှစ် အတွင်း မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက် လာပါသည်။

ယခင် က မိမိအိမ် တွင် သွယ်တန်း ထားသော မီးကြိုးများ ၏ ခံနိုင်ရည် ထက် ယခု အိမ် တစ်အိမ် အတွင်း သုံးစွဲနေသော လျှပ်စစ်ပစ္စည်းများ Load က ပိုများနေသည် ကို သတိမထား မိကြပါ ။

မျိုးစုံသော လျှပ်စစ်ပစ္စည်း များကို သာ တစ်ခုပြီး တစ်ခု ဝယ်ယူကြပြီး….

အိမ်အတွင်း သွယ်တန်း ထားသော မီးကြိုးများ ကို လဲရန် မည်သူမျှ စိတ်မဝင် စားကြပါ ။ ပလပ်ပေါက် ရှိရင် ထိုးပြီး အသုံးပြု လို့ ရသည် ဆိုသော အတွေးများသာ မြန်မာနိုင်ငံပြည်သူ အများစု သိရှိကြ ပါသည် ။

ကန်ထရိုက် တိုက် များတွင်လည်း လျှပ်စစ် နှင့်ဆိုင်သော အမှားခံပစ္စည်းများ လိုအပ် နေသည်ကို တွေ့ရပါသည် ။ အရေးကြီးဆုံး အချက် က လျှပ်စစ်ပစ္စည်းများ ကို ပြိုင်ပြီး မသုံးစွဲပါနှင့်…

ဥပမာ ရေစက်မောင်း နေချိန် ဟင်းအိုး ထမင်းပေါင်း အိုး စသည် များ မသုံး ပါနှင့် မီးပူတိုက် နေချိန် ရေခဲ သေတ္တာ ပိတ်ထားပါ ။

မိမိအိမ် စတင် မီးကြိုးသွယ်တန်းစဉ် ကထက် ယခု လျှပ်စစ်ပစ္စည်း များ တိုးလာသည် ကို သိရှိရင် နားလည်သော လျှပ်စစ် ဝါယာရိန်း သမား နှင့် တိုင်ပင်ပြီး လိုအပ်သည့်မီး ကြိုးများ ထပ်မံတပ် ဆင်ပါ။

မီးကြိုးသုံးရာ တွင် (twin ) နှစ်ချောင်း ပူးထားသောကြိုးများ အသုံးပြုခြင်း ကို ရှောင်ရှား ပါ (single) တစ်ချောင်းခြင်း သွယ်တန်းသော နည်းစနစ်ကို အသုံပြုပေးပါ။

ကြိုးများကို ဖြစ်နိုင်လျှင် under ground သွယ်တန်းခြင်း များ ကို အတက်နိုင် ဆုံး မပြုလုပ် ပါနှင့်၊ မျက်နှာကျက် များပေါ်တွင် သွယ်တန်းထားသော မီးကြိုးများကို စနစ်တစ်ကျ မီးပိုက်များ ထဲကို ထည့်ပြီး အသုံးပြု ကြပါ။

တက်ကျွမ်း နားလည်သူနှ င့် တိုင်ပင်ပြီး Load များ လျှင် ရှော့စ် ဖြစ်လျှင် အလိုလျောက် ဖြတ်ချမည့် Safety Breaker များ မိမိအိမ် တွင် တပ်ဆင်ကြပါ။ ပျက်စီးနေသော မီးခလုပ် များကို လဲလည်ကြပါ။ ဈေးနည်းသော မီးခလုပ် များ အသုံးပြုခြင်း ရှောင်ကျဉ်ပါ ။

ယခု တင်ပြသော အရာများသည် ဆယ်နှစ်တာ လျှပ်စစ် ဝါယာရိန်း သမားအဖြစ် ရပ်တည်လာသော ကျွန်ုပ်၏ အတွေ့ အကြုံများဖြင့် ကြိုတင်ကာကွယ် ရန် အသိပေးခြင်းဖြစ်ပါသည်။

ယခုလို အသိများ သိရှိပြီးချိန် တွင် မိမိအိမ် အတွင်း မီးကြိုးများ လဲသင့် မလဲသင့် လိုအပ်သော အမှားခံ ပစ္စည်းများ ရှိမရှိ သိရအောင် လျှပ်စစ် နားလည် တက်ကျွမ်းသူနှင့် တိုင်ပင်ပြီ ဝါယာရှောစ့် မှဖြစ်သော မီးဘေး အန္တရာယ်ကို ကာကွယ်လိုက် ကြရအောင်။