ရင်သားတွဲကျခြင်းကို တင်းရင်းအောင် ပြန်လည် ပြုပြင်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်း (၂) မျိုး
ရင်သားတွဲတာ ၊ နှစ်ဖက်မညီတာဟာ အိမ်ထောင်သည် ၊ ကလေးအမေတွေမှဖြစ်လေ့ရှိတာမဟုတ်ပါဘူး ။
နေထိုင်စားသောက်ပုံမှားယွင်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။
ဒီလို ရင်သားတွဲကျမှုအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းနည်းနဲ့ အိမ်တွင်းနည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ် ။
ပထမဆုံး အိမ်တွင်း နည်းလမ်းကောင်းတွေ အများကြီး ရှိပေမယ့် အကောင်းဆုံးနဲ့ အထိရောက်ဆုံး လူသုံးများတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်နော် ။
လိုအပ်တဲ့ ပါဝင်ပစ္စည်းကတော့ တစ်မျိုးတည်းပါပဲ ။ အဲ့ဒါကတော့ သံလွင်ဆီစစ်စစ်ပဲဖြစ်ပါတယ် ။
ပထမဦးစွာ အိပ်ရာပေါ်လှဲပြီး ကျောနောက်မှာ ခေါင်းအုံးခံထားလိုက်ပါ ။
ထို့နောက် သံလွင်ဆီ အနည်းငယ်ကိုယူပြီး ရင်သားပေါ် ပွတ်လိုက်ပါ ။
ပြီးလျှင် ရင်သားကို စက်ဝိုင်းပံစံအတိုင်း နှိပ်နယ်ပေးရပါမယ် ။
နှိပ်တဲ့အခါ လက်နှစ်ဖက်စလုံးက ရင်သား တစ်ဖက်တစ်ချက်ဆီမှာ ရှိနေပြီး ပြိုင်နှိပ်ရမှာပါ ။
တစ်ဖက်ပြီးမှ တစ်ဖက်နှိပ်တဲ့ ပုံစံ မဟုတ်ပါဘူး ။
စက်ဝိုင်းပုံစံအတိုင်း ၃မိနစ်မှ၅မိနစ်ခန့်အထိ နှိပ်ပြီးပြီဆိုရင်တော့ လုံလောက်ပါပြီ ။
ထို့နောက် ရင်သားပေါ်မှာ ပေနေတဲ့ သံလွင်ဆီတွေကို အဝတ်ဖြင့် သုတ်လိုက်လို့ ရပါပြီ ။
သို့သော် သံလွင်ဆီက ရင်သားကို တင်းရင်းစေတာကြောင့် အကုန်သုတ်ပစ်စရာတော့ မလိုပါဘူး ။
နောက်ထပ်ပြောချင်တဲ့ နည်းလမ်းလေးကတော့ လေ့ကျင့်ခန်းနဲ့ ထိန်းတဲ့ နည်းလမ်းလေးပါ။
ပထမဆုံး ပက်လက်အနေအထားအတိုင်း လဲလျောင်းလိုက်ပါ ။
ထို့နောက် ၅ပေါင်ခန့်လေးတဲ့ ဝိတ်တုံးကို လက်တစ်ဖက်တစ်ချက်စီမှာ ကိုင်ပြီး အပေါ်သို့ ဆန့်တန်းပြီး မြှောက်ပါ ။
ပြီးရင် ခန္ဓာကိုယ်ဘေးဘက်သို့ ဝေးနိုင်သမျှဝေးအောင် ပြန်ချပါ ။
ထိုအတိုင်း မြှောက်လိုက်၊ချလိုက် ပုံစံအတိုင်း ၁၀ကြိမ် ပြုလုပ်ပြီး နေ့စဉ် ၃ခါ ပြုလုပ်ပေးပါ။
ဒီလိုပြုလုပ်ခြင်းအားဖြင့် ရင်သားအောက်ဘက် ကြွက်သားနှင့် ရင်ဘတ်အပေါ်ပိုင်း ၊ လက်မောင်းအောက် အနီးတဝိုက်ကို ကြံ့ခိုင်လာစေပါတယ် ။
နေ့စဉ် ၁ခါလုပ်လျှင် ၁၀ကြိမ်အတိုင်း ၃ခါပြုလုပ်ပေးခြင်းဖြင့် ၁လကြာတဲ့အခါမှာ သိသိသာသာ တင်းရင်းလာတာကို မြင်တွေ့ရမှာပါ ။
ကဲ..အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်း ၂မျိုးကတော့ တကယ်ထိရောက်စေတဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ် ။
ရင်သားကြီးထွားဖို့အတွက်လည်း အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေမို့ နောင်တရစရာတော့ မရှိပါဘူးနော်…