News

ယနေ့ တနင်္ဂနွေ (၅.၁၁.၂၀၂၃) နေ့အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

နိုဝင်ဘာ ၅၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 3230 – 3270
ဥရောပယူရို 3400 – 3510

ဗြိတိသျှစတာလင်ပေါင် 3925 – 4020
သြစတြေးလျဒေါ်လာ 2070 – 2130

ဂျပန်ယန်း 21.25 – 21.90

တောင်ကိုရီးယားဝမ် 2.40 – 2.50
အိန္ဒိယရူပီး 38.20 – 39.40
စင်ကာပူဒေါ်လာ 2340 – 2390

မလေးရှားရင်းဂစ် 670 – 690
တရုတ်ယွမ် 435 – 450
ထိုင်းဘတ် 90.40 – 92.50

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3500,000 – 3510,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3300,000 ကျပ်ခန့် ရှိနေသည်

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပရွှေဈေးသည် 3500,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ဈေးကွက်စဖွင့်ချိန်က ကျပ် 3525,000 ဈေး ဖြစ်ခဲ့သည့်နောက် ညနေပိုင်းတွင် 3500,000 ဝန်းကျင်ကို ပြန်ကျလာခဲ့သည်။

ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေဈေး ထုတ်ပြန်ခြင်း မရှိဘဲ စနေနေ့က နောက်ဆုံးအပိတ်ဈေးမှာ 3116,500 ကျပ် ဖြစ်ခဲ့သည်။