အမေရိကန်ဗဟိုဘဏ်အနေနဲ့ သူ့ရဲ့တင်းကျပ်တဲ့ငွေကြေးမူဝါဒကို အဆုံးသတ်လိုက်ပြီလို့ ရင်းနှီးမြှုပ်နှံသူတွေက ယူဆလာတဲ့အတွက်
ဒီနေ့မှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၂၀၀၀ ပတ်လည်မှာ ခိုင်မာနေပါတယ်။
ဒီနေ့ ကမ္ဘာ့ရွှေပေါက်ဈေးက တစ်အောင်စကို ၂၀၀၀ – ၂၀၀၁ ဒေါ်လာ ပတ်လည်မှာ ရှိနေပြီး မကြာသေးခင်က သုံးပတ်တာ အမြင့်ဆုံး ဖြစ်တဲ့ ၂၀၀၇.၂၉ ဒေါ်လာအထိ ရောက်ရှိခဲ့ပါသေးတယ်။ အမေရိကန်ရွှေကြိုပွိုင့်ဈေးကတော့ ဝ.၁ % မြင့်ပြီး ၂၀၀၃.၉၀ ဒေါ်လာ ရှိနေပါတယ်။
အမေရိကန်ဒေါ်လာနဲ့ ငွေတိုက်စာချုပ်တန်ဖိုးတွေ အားပျော့လာတဲ့အတွက် ရွှေဈေးနှုန်းကို တွန်းအားပေးသလို ဖြစ်စေပြီး ၂၀၂၄ ခုနှစ်မှာ ကန်ဗဟိုဘဏ်က အတိုးနှုန်း ပြန်လျှော့မယ့် အလားအလာကြောင့် ရွှေဈေးကွက်မှာ ဝယ်လိုအား များလာစေတယ်လို့ လေ့လာသူတွေက ပြောပါတယ်
ကမ္ဘာ့ရွှေဈေးအတက်မှာ အမေရိကန်ဒေါ်လာနဲ့ တခြားထိပ်တန်းငွေကြေးတွေနဲ့ ဖလှယ်ရာမှာ ၂ လခွဲအတွင်း အနိမ့်ဆုံးနား ကျနေတယ်လို့ သိရပါတယ်။
လတ်တလောမှာ ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၀၀၀ အထက် ပြန်တက်လာပေမဲ့ မြန်မာပြည်တွင်းရွှေဈေးကတော့ များများစားစား လိုက်မတက်တော့ဘဲ တစ်ကျပ်သားကို ၃၆ သိန်းပတ်လည်မှာသာ ငြိမ်နေပါတယ်။
ပြီးခဲ့တဲ့အပတ်က ပြည်တွင်းရွှေဈေးဟာ တစ်ကျပ်သားကို ကျပ် ၃၈ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ရာကနေ အခု ကျပ် ၃၆ သိန်းခန့်အထိ ပြန်ကျလာတာ ဖြစ်ပြီး ဒီကြားထဲမှာလည်း အတက်အကျ မြန်ဆန်ခဲ့ပါတယ်။
ရွှေဈေး ကစားသူတွေ၊ ကောလာဟလွှင့်ပြီး ဈေးဆွဲတင်သူတွေကို ဖော်ထုတ် အရေးယူမယ် ဆိုတဲ့သတင်းနဲ့ နယ်စပ်အခြေအနေ၊ ဘဏ်ကိစ္စတွေကြောင့် လက်ရှိဈေးတန်းမှာ ပြန်ငြိမ်နေပေမဲ့ အရောင်းအဝယ်ကတော့ အေးနေတယ်လို့ သိရပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ်