ဒီဇင်ဘာ ၆၊ ၂၀၂၃ (ဗုဒ္ဓဟူးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့်
ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3460 – 3520
ဥရောပယူရို 3680 – 3770
ဗြိတိသျှစတာလင်ပေါင် 4230 – 4350
သြစတြေးလျဒေါ်လာ 2220 – 2280
ဂျပန်ယန်း 22.90 – 23.45
တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.40 – 41.30
စင်ကာပူဒေါ်လာ 2510 – 2570
မလေးရှားရင်းဂစ် 730 – 755
တရုတ်ယွမ် 470 – 485
ထိုင်းဘတ် 96.40 – 98.50
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3705,000 – 3710,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3500,000 ကျပ်ခန့် ရှိနေသည်။
ယမန်နေ့က ရွှေဈေးသည် ကျပ် 3670,000 – 3680,000 ဝန်းကျင်ဖြင့် ဈေးစဖွင့်ခဲ့သော်လည်း ညနေပိုင်းတွင် ကျပ် 3660,000 – 3670,000 ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့သည်
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3192,000 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2022 ဒေါ်လာခန့် ဖြစ်သည်။
YGEA သည် ကောလာဟလ လွှင့်၍ ရွှေဈေး ကစားသူများကို အရေးယူမည်ဟု အသိပေး ထုတ်ပြန်ထားပြီး တာဝန်ရှိသူများကလည်း ရွှေဈေး ကျစေရန် ညွှန်ကြားထားကြောင်း သိရသည်။