Knowledge

ကြက်ဥအကာ အသုံးပြုနည်းလျှို့ဝှက်ချက်…

အဆီအရမ်းပြန်နေရင်…

အဆီတွေ အရမ်းပြန်တတ်တယ်ဆိုရင် ကိုယ်ရဲ့ အလှကို ဖျက်စီးတာကတော့ အမှန်ပါပဲ။ ဒီမျက်နှာပေါ်က အဆီတွေကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ ရပါတယ်

အမြုပ်ထအောင် လုပ်ထားတဲ့ ကြက်ဥအကာထဲကို အုတ်ဂျူံ နဲ့ရောပြီးတော့ မျက်နှာပေါ်မှာ mask လိုမျိုးလေး လိမ်းပြီးတော့ မိနစ်အနဲငယ်ထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

မျက်အိပ်တွေ ရောင်နေခဲ့ရင်…

တချို့တွေက မျက်အိပ်ရောင်နေလို့ ဆိုပြီး ပစ္စည်းတွေကို ဈေးတွေ အများကြီး ပေးပြီး ဝယ်သုံးကြတာ ကို တွေ့ကြရပါတယ်။

တကယ်တော့ အိမ်မှာ လွယ်လွယ်ကူကူရတာကို သူတို့ သတိမထားမိလို့ပါ။ ငွေလဲ မကုန်ဘူး၊ လုပ်ရတာလဲ လွယ်တယ်…. စတဲ့ အားသာချက်တွေ ရှိပါတယ်။

ကြက်ဥအကာကို မျက်အိပ်ပေါ်မှာ လိမ်းပြီး ခြောက်အောင်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချပါ။ တစ်ရက်ခြား တစ်ခါလောက် လုပ်ပေးလိုက်ပေါ့။

ဝက်ခြံတွေကို သက်သာစေမယ်…

ကြက်ဥအကာမှာပါတဲ့ ပရိုတင်းဟာ ရောင်းရမ်းတာတွေကို လျော့နည်းစေပါလိမ့်မယ်။ အနာကိုလဲ အကျက်မြန်စေပါတယ်

ညမအိပ်ခင်မှာ ကြက်ဥအကာကို ဝက်ခြံဖုလေးတွေပေါ်မှာ တို့လိမ်းပြီး မနက်မိုးလင်းအိပ်ရာက နိုးရင် မျက်နှာသစ်လိုက်ပေါ့။

ဝက်ခြံတွေကြောင့် ရောင်းရမ်းတာတွေကို လျော့ပေးတဲ့အပြင် အမည်းစက်တွေနဲ့ အမာရွတ်တွေကိုပါ ဖယ်ရှားပေးနိုင်တယ်။

ဆဲလ်သေတွေကို ဖယ်ရှားမယ်…

မျက်နှာပေါ်မှာ ဆဲလ်သေတွေက နေရာယူနေမယ်ဆိုရင် မျက်နှာက ညိုနေတာတို့ ခြောက်နေတာတို့နဲ့ မလှပဲ ဖြစ်နေပါလိမ့်မယ်။

ဒီလို ဆဲလ်သေတေ့ကို ဖယ်လိုက်တဲ့အခါ မျက်နှာလေးက ကြည်ပြီးတော့ ဝင်းလာပါလိမ့်မယ်။ ကြက်ဥအကာထဲကို အုတ်ဂျုံနဲ့ ပျားရည်ကို လက်ဖက်စားဇွန်း ၁ ဇွန်း ရောမွှေပါ။

လက်ချောင်းထိပ်လေးတွေနဲ့ ယူပြီး မျက်နှာပေါ်မှာ စက်ဝိုင်းပုံလေးတွေနဲ့ ညင်သာစွာ လိမ်းပေးပေါ့နော်။ မိနစ်နဲနဲကြာလာရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။

တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ လုပ်ပေးပါ။

ဦးရေပြားပေါ်က အဆီတွေကို ဖယ်ရှားမယ်…

ဦးရေပြားက အဆီတွေ အရမ်းထွက်ပြီးတော့ ဆံပင်ကြီးက အဆီတွေကြောင့် ပြားကပ်ကပ်ကြီး ဖြစ်နေပြီး ရုပ်ဆိုးနေပါလိမ့်မယ်။

အဆီတွေကို ထိန်းသိမ်နိုင်အောင်လို့ ကြက်ဥအကာကို ဦးရေပြားပေါ်တင်ပြီး မိနစ်အနဲငယ်ထားပြီး ရေဆေးချလိုက်ပါ။

ပြီးရင် လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။ သိသာပါတယ်

Conditioner အနေနဲ့ရော

ဆံကေသာကို ပျော့ပျောင်း နူးညံ့သွားအောင်လဲ ကြက်ဥအကာက စွမ်းသေးပါတယ်နော်။

ကြက်ဥအကာကို ယူပြီးတော့ ဒိန်ချဉ်နဲ့ သံလွင်ဆီ လက်ဖက်စားဇွန်း ၁ ဇွန်းဆီ သမအောင် မွှေပြီး ဦးရေပြားပေါ်လိမ်းထား လိုက်ပါ။

ဆံပင် အတို အရှည်ပေါ် မူတည်ပြီး ၃လုံး ၄ လုံးလောက် အသုံးပြုပေးပါ။ ပြီးရင်တော့ လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ပြီး ရောထားတဲ့ အရေကို သန့်စင်အောင် ဆေးချပါ။ တကယ်ကို ထိရောက်ပါတယ်။

ဒါလေးတွေကတော့ ကြက်ဥကရတဲ့ အလှအပရေးရာအတွက် နည်းလမ်းလေးတွေပါ။ တကယ်ကို လွယ်ပြီးတော့ အဆင်ပြေပါတယ်။