အ ရာရာတိုင်း၊ ပစ္စည်းတိုင်းမှာ စွမ်းအင်တွေ ရှိနေပါတယ်။
သင့်အိမ်မှာရှိတဲ့ ပစ္စည်းတွေထဲမှာ သင့်အိမ်ကို လာဘ်တိတ်စေသလို၊
သင့်ကိုလည်း ဘုန်းကံနိမ့်စေတဲ့ ပစ္စည်းတွေရှိပါတယ်။ ဘာတွေလဲဆိုတာကိုတော့ကြည့်လိုက်ပါနော်။
(၁) ရှုပ်ပွနေခြင်း
သင့်အိမ်ကို ရှုပ်ပွညစ်ပတ် နေအောင်ထားတာ၊ အမှိုက်တွေ၊ ဖုန်တွေမရှင်းတာ၊ ပင့်ကူမျှင်တွေမရှင်းတာ၊ ပန်းကန်တွေမဆေးပဲ
ပုံထားတာမျိုး၊ အဝတ်အစားတွေလည်း သေချာမခေါက်ပဲ ပြန့်ကျဲရှုပ်ပွနေတာမျိုးတွေ၊ ပစ္စည်းတွေက သူ့နေရာနဲ့သူရှိမနေပဲ
ရှုပ်ပွ ညစ်ပတ်နေတာမျိုးတွေက သင့်အိမ်ကို လာဘ်တိတ်စေသလို၊ ဘုန်းကံနိမ့်စေပါတယ်။
(၂) အနံ့အသက်ဆိုးခြင်း
သင့်အိမ်ကလေထုကလည်း သင့်အပေါ်ကို အများကြီး သက်ရောက်နိုင်ပါတယ်။ သင့်အိမ်မှာ အနံ့အသက်တွေ မကောင်းတာ၊
အဝတ်အစား မှိုစော်တွေနံနေတာ ဒါမှမဟုတ် အမှိုက်နံ့တွေနဲ့ တခြားမကောင်းတဲ့အနံ့တွေအားလုံးဟာ သင့်အိမ်ကို လာဘ်တိတ်စေပြီး
ဘုန်းကံနိမ့်စေတာကြောင့် သင့်အိမ်ပြတင်းပေါက်တွေကို ဖွင့်ပြီး လေကောင်းလေသန့် ရအောင်လုပ်တာ၊ အမွှေးနံ့တွေ ဖြန်းပေးတာမျိုးတွေကို အမြဲတမ်း လုပ်ပေးသင့်ပါတယ်။
(၃) ပစ္စည်းအပျက်တွေထားခြင်း
သင့်အိမ်မှာ အက်နေတဲ့မှန်တွေ၊ ကျိုးနေတဲ့ ချိတ်တွေ၊ အင်္ကျီအပြဲတွေကအစ မထားသင့်ပါဘူး။ ဒီလို မကောင်းတော့တဲ့ အရာတွေကို
ဆက်လက် သိမ်းထားတာဟာ အိမ်ကို လာဘ်တိတ်စေတဲ့အပြင် ဘုန်းကံကိုလည်း နိမ့်စေနိုင်လို့ပါ။
(၄) ဘုရားတရားမလုပ်ခြင်း
သင့်အိမ်မှာ သင်ကိုးကွယ်ရာ ဘာသာတရားကို လေးနက်စွာ ပြုလုပ်သင့်ပါ တယ်။ ကျမ်းစာ၊ ဘုရားစာတွေကို အသံထွက်ပြီး
ရွတ်ဖတ်တာ၊ ဆုတောင်းဝတ်ပြုတာတွေ၊ အိမ်ကို ကောင်းချီးမင်္ဂလာပေးခြင်းတွေကို နေ့စဉ်မပျက်မကွက် ပြုလုပ်ရပါမယ်။
ဒီလိုမှမဟုတ်ရင်တော့ သင့်အိမ်ကို မကောင်းတဲ့ ဝိညာဉ်ဆိုးတွေအပြင် တခြားသော ကံနိမ့်မှုတွေ၊
လာဘ်တိတ်မှုတွေက တံခါးမရှိ၊ ဓားမရှိဝင်လာနိုင်ပြီး သင့်ရဲ့ ဘုန်းကံတွေကို နိမ့်စေနိုင်လို့ပါပဲ။