သောကြာနေ့မှာ ကမ္ဘာ့ရွှေဈေးဟာ အကျနဲ့ ပိတ်သွားခဲ့ပေမဲ့ အပတ်စဉ်အလိုက် ကြည့်ရင်တော့ ဝ.၈ % မြင့်တက်ခဲ့ပါတယ်
အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒက ဖြေလျှော့မှုအပိုင်းကို ဦးတည်နေတယ်လို့ တွက်ဆလာတာကြောင့် ဒေါ်လာတန်ဖိုး ပျော့ပြီး ရွှေဈေး ခိုင်မာလာတာ ဖြစ်ပါတယ်။
သောကြာနေ့ ဈေးပိတ်ချိန်မှာ ကမ္ဘာ့ရွှေက တစ်အောင်စကို ၂၀၂၀ ဒေါ်လာခန့်သာ ရှိခဲ့ပြီး ကြာသပတေးနေ့နဲ့ ယှဉ်ရင် ဈေးကျခဲ့ပေမဲ့ သီတင်းပတ်အလိုက် ဆိုရင်တော့ ဈေးတက်တဲ့အပတ် ဖြစ်ခဲ့ပါတယ်။
ရှေ့လျှောက်ပြီး ရွှေဈေး အတက်အကျ လမ်းကြောင်းဟာ အမေရိကန်ဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒနဲ့ ထပ်တူ ပြောင်းလဲလိမ့်မယ်လို့ ဈေးကွက်သုတေသီတွေက ပြောပါတယ်။ (Current Content က တင်ပြတဲ့သတင်း ဖြစ်ပါတယ်)
တကယ်လို့သာ အမေရိကန်ပြည်ထောင်စုဟာ လာမယ့် ၂၀၂၄ နှစ်ဆန်းပိုင်းအထိ စီးပွားရေးအခြေအနေ သိပ် မတိုးတက်ဘူးဆိုရင် ရွှေဈေး မကြုံစဖူး စံချိန်သစ်နဲ့ ဆက်တက်နိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
ဒီအပတ်မှာ ကမ္ဘာ့ရွှေဈေးက အတက်ပြခဲ့သလို မြန်မာပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၃၇ သိန်း ပတ်ချာလည်မှာ သွားနေပြီး ဈေးမာနေဆဲ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့
ရန်ကုန်ရွှေအသင်း YGEA က သူ့ရဲ့ ရွှေဈေးကို အရင်လို ပြင်ပရွှေဈေးနဲ့ အရမ်းကြီး မခွာတော့ဘဲ အတော်လေး နီးစပ်အောင် ဈေးဖွင့်လာတာ ဖြစ်ပြီး ရွှေဈေးကိုလည်း ဗဟိုဘဏ် Online Trading ဒေါ်လာဈေးနဲ့ ပြောင်းလဲ တွက်ချက်ထားတယ်လို့ ဆိုပါတယ်။ စာရေးသူ – ငွေကြယ်