ကမ္ဘာ့ရွှေဈေးနဲ့အတူ တရိပ်ရိပ် တက်လာတဲ့ မြန်မာ့ရွှေဈေးကွက်ဟာ မကြာခင် ပြန်လည်ကျဆင်းလာနိုင်တယ်လို့
ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း(YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က သတင်းတစ်ခုမှာ ပြောဆိုထားပါတယ်၊
လတ်တလောမှာ ကမ္ဘာ့ရွှေဈေး အနည်းငယ် ပြန်ကျလာနေပြီး ရွှေတွင်းတွေကနေ မကြာခင် ကုန်ကြမ်းတွေ ထွက်လာတော့မှာ ဖြစ်လို့ ပြည်တွင်းရွှေဈေး တည်ငြိမ်စွာနဲ့ ပြန်ကျလာနိုင်မယ်လို့ သူက ဆိုပါတယ်။
ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၂၁၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ရာကနေ အခုတော့ ဒေါ်လာ ၂၀၂၃ ဝန်းကျင်ကို ပြန်ကျနေပါတယ်။
ပြည်တွင်းရွှေဈေးကွက် အခြေအနေမှာတော့ ဝယ်လိုအား မရှိဘဲ ရောင်းလိုအားသာရှိနေပြီး အရောင်း အနေနဲ့ကလည်း အထည်ပျက်ရွှေတွေ ပုံမှန်ရောင်းချနေတာလို့ ဆိုပါတယ်၊၊
မြန်မာ့ရွှေ ပြည်ပတင်ပို့မှုအနေနဲ့ ဂျပန်နိုင်ငံနဲ့ အာရှနိုင်ငံတွေကို တင်ပို့နေပြီး ကုန်စည်ပြပွဲတွေနဲ့ ရွှေကုန်သည်တွေကို ပြသရောင်းချနေတယ်လို့လည်း သိရပါ တယ်။
ဒီနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ ရွှေအသင်း YGEA က ထုတ်ပြန်တဲ့ ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၃၆ သိန်း ကျော်ကျော် ရှိနေပြီး ပြင်ပရွှေဈေးကတော့ ကျပ် ၃၇ သိန်းနားမှာ တည်ရှိနေပါတယ်။ Source: YGEA