News

ယနေ့ သောကြာနေ့(၅.၁.၂၀၂၄) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

ဇန်နဝါရီ ၅ ၊ ၂၀၂၄ (သောကြာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်

နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 3410 – 3460
ဥရောပယူရို 3680 – 3750
ဗြိတိသျှစတာလင်ပေါင် 4330 – 4480

သြစတြေးလျဒေါ်လာ 2270 – 2330
ဂျပန်ယန်း 23.00 – 24.20

တောင်ကိုရီးယားဝမ် 2.55 – 2.65
အိန္ဒိယရူပီး 40.40 – 41.40
စင်ကာပူဒေါ်လာ 2530 – 2610

မလေးရှားရင်းဂစ် 700 – 760
တရုတ်ယွမ် 460 – 480
ထိုင်းဘတ် 97.50 – 99.50

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3710,000 – 3720,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3510,000 ကျပ်ခန့် ရှိနေသည်

ယမန်နေ့က လွတ်လပ်ရေးနေ့ (အများပြည်သူအားလပ်ရက်) ဖြစ်သောကြောင့် ပြင်ပရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3700,000 – 3720,000 ဝန်းကျင် ရှိခဲ့သည်ဟု ကြားသိရသည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော ဈေးကွက်ဈေးနှုန်းသည် 3653,700 ကျပ် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် 2045 ဒေါ်လာခန့် ဖြစ်သည်။

YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသည့်အတွက် YGEA ရွှေဈေးနှင့် ပြင်ပရွှေဈေးကြား ကွာဟချက် ကျဉ်းလာသည်။