Skin care က မိန်းကလေးတွေတိုင်းအတွက် အရေးပါပါတယ်။
Skin care နေပေမယ့် အချို့အချက်တွေကြောင့် အသားအရေက
ထင်သလောက် မလှတာလည်း ရှိပါတယ်။ အဲဒါတွေကတော့ မနက်ခင်းပိုင်းမှာလုပ်မိတဲ့ အလေ့အထအချို့ပါ။
၁။ မနက်စာကို အုတ်ဂျုံမှုန့်စားခြင်း
အုတ်ဂျုံမှုန့်ကို မနက်စာမှာ ထည့်သွင်းစာတာက အာဟာရ ဖြစ်စေပါတယ်။ ဒါပေမယ့် သင်က မျက်နှာ အသားအရေကို ဂရုစိုက်သူ ဆိုရင်တော့ မစားသင့်ပါဘူး။ အုတ်ဂျုံမှုန့်က အသားအရေကို ခြောက်သွေ့စေလို့ပါ။
၂။ ရေချိုးချိန် ကြာခြင်း
မနက်ခင်း အိပ်ရာထရင် ရေချိုးလိုက်ရင် အရမ်းကို လန်းဆန်းသွားတာပါ။ ဒါပေမယ့် ရေကို အချိန်ကြာကြာ ချိုးတာ၊ ရေနွေးနဲ့ ချိုးတာကတော့ အသားအရေအတွက် မကောင်းပါဘူး။ ရေနွေးနဲ့ ရေချိုးတာက အသားအရေအတွက် လိုအပ်တဲ့ ရေဓါတ်ကို နည်းပါးသွားစေပါတယ်။
၃။ အိပ်ရာနိုးနိုးချင်း ကော်ဖီသောက်ခြင်း
တချို့က မနက်ခင်းမှာ ကော်ဖီ မသောက်ရရင် လုံးဝကို မနေနိုင်ပါဘူး။ ဒါပေမယ့် မနက်စာ မစားခင်မှာ ကော်ဖီသောက်ရင်တော့ အသားအရေအတွက် မကောင်းပါဘူး။ ကော်ဖီက ရေဓါတ်တွေကို ခန်းခြောက်စေပါတယ်။ မနက်တိုင်း ကော်ဖီသောက်ရင် ကြာလာတဲ့အခါ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်လာစေပါတယ်။
၄၊ Sunscreen ကို အပြင်ထွက်မှသာ လိမ်းခြင်း
Sunscreen က နေပူထဲသွားရင် အသားအရေကို ကာကွယ်ပေးပြီး အရိပ်ထဲမှာဆိုရင် အရေးအကြောင်းတွေ ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။ သင်က နေပူထဲမထွက်ဘဲ အရိပ်ထဲမှာ နေသူဆိုရင်တောင် sunscreen ကို နေ့တိုင်း လိမ်းပေးသင့်ပါတယ်။
၅။ Skincare နည်းမပြောင်းခြင်း
Skincare နည်းက ရာသီဥတုကို လိုက်ပြီး ပြောင်းလဲသင့်တယ်လို့ အရေပြားဆရာဝန်တွေက အကြံပေးပါတယ်။ နွေရာသီဆိုရင် skincare နည်းက တစ်မျိုးဖြစ်မှာဖြစ်ပြီး ဆောင်းရာသီဆိုရင် skincare နည်းက တစ်မျိုးဖြစ်နေမှာပါ။
၆။ မျက်နှာသစ်ဆေး မှားခြင်း
ညအိပ်တဲ့အခါမှာ ခန္ဓာကိုယ်မှာ ရေဓါတ် နည်းပါးသွားတာကြောင့် အဆီတွေ ပိုထွက်လာပါတယ်။ အဲဒါကြောင့် မနက်အိပ်ရာထရင် မျက်နှာက အဆီပြန်နေတာပါ။ မျက်နှာမှာ အဆီတွေ ကင်းနေအောင် cleanser ကို နူးညံ့တဲ့ cleanser ထဲကနေပဲ ရွေးသုံးသင့်ပါတယ်။ ပြီးတော့ မျက်နှာမခြောက်ခင် moisturizer လိမ်းဖို့လည်း အရေးကြီး ပါတယ်နော်။