Health Care

A good medicine for children who often cough.

မွေးစကနေ ခြောက်လအတွင်း ချောင်းခြောက်ဆိုးနေပြီး နေရခက်နေတဲ့ သားသားမီးမီး အတွက် အကောင်းဆုံး

ချောင်းဆိုးပျောက်ဆေးကတော့ မိခင်နို့ပါတဲ့။ မိခင်နို့လည်းတိုက်၊

ချောင်းဆိုးပျောက်ဆေးလည်း တိုက်သလို ချစ်စရာ့အရွယ်လေးတွေရဲ့ အသက်အပိုင်း

အခြားအလိုက် မိမိဘာသာ အလွယ်တကူ ဖော်စပ်လို့ရတဲ့ ချောင်းဆိုးပျောက် အစွမ်းထက်

အိမ်တွင်းဆေးဝါးလေးတွေအကြောင်းလည်း သိရလေအောင် ပြည့်ပြည့်စုံစုံလေး တင်ပြပေး လိုက်ပါ

တယ် မေမေ၊ ဖေဖေတို့ရေ။-မိခင်နို့ပာာ မချိုလွန်း မပေါ့လွန်း အနေတော်ဖြစ်တဲ့အပြင် အာပာာရဓာတ်ပေါင်းစုံ ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးပျောက်စေမယ့် ပဋိပစ္စည်းတွေ ကိုယ်ခံအားတက် စေမယ့် ဓာတ်တွေက

လည်း အလျှံပယ် ပါဝင်ပါတယ်တဲ့။ ဒီတော့ ချောင်းခြောက်ဆိုးနေလို့ မိခင်နို့ တိုက်ကျွေးတာကို မရပ်တန့်လိုက်ပါနဲ့။-ကြက်သွန်ဖြူကို အခြောက်ခံ ညက်နေအောင် အမှုန့်ကြိတ်ပြီး မုန်ညင်းဆီ သန့်သန့်လေးနဲ့ ရောလိုက်ပါ။ ဆီကို

ရင်သွေးလေးရဲ့ ရင်ဘတ်နဲ့ခြေဖဝါးတွေကို လိမ်းကျံပေးပါ။-ပင်စိမ်းရွက်ခြောက်လေးတွေကို အမှုန့်ကြိတ်ပါ။ အုန်းဆီထဲကို ရောမွှေလိုက်ပါ။ ချောင်းခြောက်ဆိုးနေတဲ့ လသားအရွယ် သားသားမီးမီးရဲ့ ရင်ဘတ်၊ ခြေဖဝါးနဲ့ လည်ပင်းလေး တွေကို အသာအယာ ပွတ်လိမ်းပေးလို့ ရပါတယ်

ခြောက်လကနေ ဆယ်လအတွင်း သားသားမီးမီးလေးတွေ အတွက်ကတော့ ဆနွင်းမှုန့်စစ်စစ်ကို ရေနွေးလေး အနည်းငယ်ရောပြီး အနှစ်ပြုလုပ်ပါ။ သူလေးရဲ့ ခြေဖဝါးနဲ့ နဖူးတွေကို ပါးပါးလေး လိမ်းကျံပေးပါ

မုန်လာဥနီဖျော်ရည်က ထူးခြားတဲ့ ကိုယ်ခံအားပြည့်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တာကြောင့် လတ်လတ်ဆတ်ဆတ် ဖျော်စပ်ပြီးတာနဲ့ နေ့စဉ်အနည်းငယ်စီ တိုက်ပေးရင် ချောင်းခြောက်ကို ပျောက်ကင်းစေပါတယ်။-မြန်မာတွေအိမ်မှာ အမြဲရှိတတ်တဲ့

မုန်ညင်းဆီကတော့ အရိုးရှင်းဆုံး အထိရောက်ဆုံးပါတဲ့။ ချောင်းခြောက်ဆိုးပြီး မသက်မသာဖြစ်နေတဲ့ ရင်သွေးလေးကို မုန်ညင်းဆီနွေးလေးနဲ့ နှိပ်နယ်ပေးလိုက်ပါဦး

ဆယ်လကနေ တစ်နှစ်အောက် အရွယ်လေးတွေအတွက် ကွမ်းရွက်၊ ကြက်သွန်နီခြောက်၊ ပင်စိမ်းရွက်ခြောက်လေးတွေကို ရောစပ်ပြီး မှုန့်ညက်နေအောင် ကြိတ်လိုက်ပါ။ အမှုန့်ကို အုန်းဆီစစ်စစ်နဲ့ ရောနှောပြီး ရင်ဘတ်နဲ့ ခြေဖ

ဝါးလေးတွေကို လိမ်းကျံပေးပါ။ပရုတ်ဆီကလည်း ကောင်းမွန်တဲ့ ဆေးတစ်လက်ပါတဲ့။ ပရုတ်ဆီလေးနည်းနည်းနဲ့ အုန်းဆီလေးကို ရောစပ်ပြီး သူလေးရဲ့ ရင်ဘတ်လေးကို အသာအယာ သပ်ချပေးလိုက်ပါနော်

ရေများများတိုက်ပါ။ ရေ မပူအအေး နွေးနွေးလေး မကြာခဏ တိုက်ကျွေးပါ။ ချွဲကြေ ရင်ချောင်စေပါတယ်နော်။ချောင်းခြောက်ဆိုး ပျောက်ဖို့အတွက် အခြေခံအကျဆုံး လိုက်နာသင့်တဲ့အချက်တွေကတော့ ဒီမှာပါ။-အမွှေးအမျှင်တွေ

ထွက်တဲ့ မွေးပွအင်္ကျီတွေ၊ တဘက်တွေမသုံးဘဲ ချည်ထည်ကောင်းကောင်း ဝတ်ဆင်ပေးပါ။-အနံ့ပြင်းတဲ့ ပေါင်ဒါတွေ၊ ရေချိုးဆီတွေ မသုံးပါနဲ့

အိပ်ရာကို သက်သောင့်သက်သာ ဖြစ်ပါစေ။ ပါးပါးလျားလျားစောင်လေးတွေ သုံးပါ။ ကိုယ်ခံအားတက်အောင် များများအိပ်ပါစေ။-မိခင်နို့ ဆက်လက်တိုက်ကျွေးပါ။-ချောင်းခြောက်ဆိုးတာ မသက်သာရင် ရက်ရှည်လာရင် ဆရာဝန်

နဲ့ ပြသဆွေးနွေးဖို့ စီစဉ်ရပါမယ် မေမေတို့ရေ