ဖေဖော်ဝါရီ ၁၁၊ ၂၀၂၄ (တနင်္ဂနွေနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3490 – 3530
ဥရောပယူရို 3710 – 3765
ဗြိတိသျှစတာလင်ပေါင် 4400 – 4590
သြစတြေးလျဒေါ်လာ 2260 – 2320
ဂျပန်ယန်း 23.50 – 24.00
တောင်ကိုရီးယားဝမ် 2.60 – 2.66
အိန္ဒိယရူပီး 41.90 – 42.80
စင်ကာပူဒေါ်လာ 2560 – 2610
မလေးရှားရင်းဂစ် 730 – 750
တရုတ်ယွမ် 470 – 490
ထိုင်းဘတ် 97.20 – 99.00
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3850,000 ဝန်းကျင် ဖြစ်ပြီး ၁၅ ပဲရည်ဈေးမှာ ကျပ် 3620,000 ခန့် ဖြစ်သည်။
ယမန်နေ့ (စနေနေ့) က ရွှေဈေးသည် 3840,000 – 3850,000 ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး တစ်ပတ်တာလုံးတွင် ရွှေဈေး အတက်အကျ မငြိမ်ဘဲ အလှုပ်အခတ် များခဲ့ကြောင်း တွေ့ရသည်။
ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ သောကြာနေ့က ကမ္ဘာ့ရွှေအပိတ်ဈေးမှာ တစ်အောင်စလျှင် 2025 ဒေါ်လာခန့် ဖြစ်သည်။