ဖေဖော်ဝါရီ ၁၆၊ ၂၀၂၄ (သောကြာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3540 – 3580
ဥရောပယူရို 3760 – 3850
ဗြိတိသျှစတာလင်ပေါင် 4450 – 4650
သြစတြေးလျဒေါ်လာ 2280 – 2350
ဂျပန်ယန်း 23.70 – 24.90
တောင်ကိုရီးယားဝမ် 2.60 – 2.70
အိန္ဒိယရူပီး 42.20 – 43.30
စင်ကာပူဒေါ်လာ 2610 – 2670
မလေးရှားရင်းဂစ် 740 – 770
တရုတ်ယွမ် 480 – 500
ထိုင်းဘတ် 99.00 – 100.00
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3865,000 – 3885,000 နှင့် ဈေးစဖွင့်ထားပြီး နေ့ခင်းပိုင်းတွင် ကျပ် 3885,000 – 3898,000 ခန့်အထိ ဆက်တက်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3665,000 ခန့် ရှိနေသည်
ယမန်နေ့ (ကြာသပတေးနေ့) က ရွှေဈေးသည် ကျပ် 3855,000 – 3865,000 ဝန်းကျင်ဖြင့် ဈေးစဖွင့်ပြီး နောက်ပိုင်းတွင် 3875,000 – 3880,000 သို့ မြင့်တက်ကာ ညနေပိုင်းတွင် 3875,000 ဖြင့် ဈေးပိတ်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3607,200 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2004 ဒေါ်လာခန့် ဖြစ်သည်။
ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။