News

Although the global gold price has risen, the domestic gold price has fallen significantly

အမေရိကန်ရဲ့ငွေဖောင်းပွနှုန်း အပါအဝင် အရေးကြီးစီးပွားရေး ထုတ်ပြန်ချက်တွေကို စောင့်မျှော်နေကြချိန်မှာ ဒေါ်လာတန်ဖိုး အားပျော့နေလို့ ဒီနေ့ ကမ္ဘာ့ရွှေဈေးက အနည်းငယ် မြင့်တက်လာပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၀၃၃.၃၄ ဒေါ်လာဈေး ရှိနေပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၄၃ ဒေါ်လာ ရှိနေပါတယ်။ မနေ့ကနဲ့ ယှဉ်ရင် ဈေးအနည်းငယ်စီ မြင့်လာတာ ဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေက နောက်ရက်တွေမှာ ထုတ်ပြန်လာမယ့် စီးပွားရေးအချက်အလက်တွေကို စောင့်နေကြပြီး ရွှေဈေး အတက်မှာ ပြန်ရောင်းကြဖို့ ပြင်နေပုံ ရတယ်လို့ ဈေးကွက်လေ့လာသူတွေက ဆိုပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

လက်ရှိ ကမ္ဘာ့ရွှေဈေး မြင့်နေပေမဲ့ မြန်မာပြည်တွင်းရွှေဈေးကတော့ သိသိသာသာကြီး ပြန်ကျလာနေပါတယ်။

အရင်အပတ်က တစ်ကျပ်သားကို ကျပ် ၃၉ သိန်းခွဲဝန်းကျင် ရှိခဲ့တဲ့ အခေါက်ရွှေဈေးဟာ မနေ့က ကျပ် ၃၉ သိန်း ၂ သောင်းပတ်လည်အထိ ပြန်ကျလာပါတယ်။

ဒီနေ့ (အင်္ဂါနေ့) မှာလည်း အခေါက်ရွှေဈေးဟာ ကျပ် ၃၉ သိန်း ၂ သောင်းနဲ့ အရောင်း စဖွင့်ခဲ့ပေမဲ့ ညနေပိုင်းမှာ ကျပ် ၃၉ သိန်းအောက် ဆက်ကျပြီး တစ်ကျပ်သားကို ကျပ် ၃၈၉၀,၀၀၀ ဝန်းကျင်သာ ရှိပါတော့တယ်။

အခုလို ဈေးအကျမှာ ရေရှည်ကိုင်ထားချင်သူတွေ အဝယ် ဝင်သင့်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ရေတိုသမားများကတော့ လက်ရှိဈေးတန်းမှာ ဝင်ပြီး ရောင်းဝယ်ဖို့ မသင့်သေးဘဲ အတက်အကျ မြန်ဆန်တဲ့ အခြေအနေမှာ စောင့်ကြည့် လုပ်ကိုင်သင့်တယ်လို့ အကြုံထားပါတယ်။ Ref: Reuters စာရေးသူ ငွေကြယ်