မေ ၁၂ ၊ ၂၀၂၄ (တနင်္ဂနွေနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်
အမေရိကန်ဒေါ်လာ 3940 – 3980
ဥရောပယူရို 4250 – 4350
ဗြိတိသျှစတာလင်ပေါင် 4830 – 4940
သြစတြေးလျဒေါ်လာ 2590 – 2650
ဂျပန်ယန်း 24.90 – 25.45
တောင်ကိုရီးယားဝမ် 2.84 – 2.90
အိန္ဒိယရူပီး 46.60 – 47.70
စင်ကာပူဒေါ်လာ 2860 – 2910
မလေးရှားရင်းဂစ် 885 – 895
တရုတ်ယွမ် 540 – 550
ထိုင်းဘတ် 106.40 – 108.70
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4860,000 – 4870,000 ဝန်းကျင် ဖြစ်ပြီး ၁၅ ပဲရည်ဈေးမှာ ကျပ် 4575,000 ခန့် ဖြစ်သည်။
ယမန်နေ့ (စနေနေ့) က ပြင်ပရွှေဈေးသည် ကျပ် 4860,000 – 4870,000 ဖြင့် ဈေးဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 4875,000 အထိ မြင့်တက်ခဲ့ပြီးမှ ညနေပိုင်းတွင် 4850,000 သို့ ပြန်ကျကာ ဈေးပိတ်ခဲ့သည်။
ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က သတ်မှတ်ရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ကမ္ဘာ့ရွှေ အပိတ်ဈေးမှာ တစ်အောင်စလျှင် 2360 ဒေါ်လာ ဖြစ်သည်။